နေ​ဟ​မိ 9:14-24 Common Language Bible (BCL)

14. ကိုယ်​တော်​သည်​သူ​တို့​အား​ဥ​ပုသ်​တော်​နေ့​ကို နေ့​မြတ်​အ​ဖြစ်​စောင့်​ထိန်း​ရန်​သွန်​သင်​တော်​မူ​၍ပ​ညတ်​တော်​များ​ကို​ကိုယ်​တော်​၏​အ​စေ​ခံ မော​ရှေ​မှ​တစ်​ဆင့်​ပေး​အပ်​တော်​မူ​ပါ​၏။

15. ``သူ​တို့​ဆာ​လောင်​မွတ်​သိပ်​ကြ​သော​အ​ခါမိုး​ကောင်း​ကင်​မှ​အ​စား​အ​စာ​ကို​ချ​ပေး တော်​မူ​၍ရေ​ငတ်​ကြ​သော​အ​ခါ​ကျောက်​ဆောင်​ထဲ​မှ ထွက်​သော​ရေ​ကို​ပေး​တော်​မူ​ပါ​၏။ကိုယ်​တော်​ပေး​တော်​မူ​မည်​ဟုက​တိ​ထား​သော​ပြည်​ကို​သိမ်း​ပိုက်​ရန် သူ​တို့​အား မိန့်​တော်​မူ​ပါ​၏။

16. သို့​ရာ​တွင်​အ​ကျွန်ုပ်​တို့​ဘိုး​ဘေး​များ​သည် မာန်​မာ​န​ထောင်​လွှား​ကာခေါင်း​မာ​လာ​ပြီး​လျှင်​ကိုယ်​တော်​၏​အ​မိန့်​တော် တို့​ကို မ​လိုက်​နာ​ကြ​ပါ။

17. သူ​တို့​သည်​ကိုယ်​တော်​၏​စ​ကား​တော်​ကို နား​မ​ထောင်​ကြ​ပါ။ပြု​တော်​မူ​သော​အ​မှု​တော်​တို့​ကို မေ့​ပျောက်​လိုက်​ကြ​ပါ​၏။ကိုယ်​တော်​ပြ​တော်​မူ​သော​နိ​မိတ်​လက္ခ​ဏာ များ​ကို သ​တိ​မ​ရ​ကြ​တော့​ပါ။မာန်​မာ​န​ထောင်​လွှား​ကာ​မိ​မိ​တို့​အားကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​သို့​ပြန်​လည်​ခေါ်​ဆောင် စေ​ရန် ခေါင်း​ဆောင်​တစ်​ဦး​ကို​ရွေး​ချယ်​ကြ​ပါ​၏။သို့​ရာ​တွင်​ကိုယ်​တော်​သည်​အ​ပြစ်​များ​ကို ဖြေ​လွှတ်​တော်​မူ​သည့်​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ချစ်​ခင်​ကြင်​နာ​တော်​မူ​၍​စိတ်​ရှည်​တော်​မူ​ပါ​၏။က​ရု​ဏာ​တော်​သည်​ကြီး​မား​သည်​ဖြစ်​၍ ကိုယ်​တော်​သည်​သူ​တို့​အား​စွန့်​ပစ်​တော်​မ​မူ​ပါ။

18. သူ​တို့​သည်​နွား​လား​ဥ​သ​ဘ​ရုပ်​ကို​သွန်း​လုပ် ပြီး​လျှင်ဤ​ဘု​ရား​ကား​ငါ​တို့​အား​အီ​ဂျစ်​ပြည်​မှထုတ်​ဆောင်​လာ​သော​ဘု​ရား​ပင်​တည်း'' ဟု​ဆို ကြ​ပါ​၏။အို ထာ​ဝ​ရ​ဘု​ရား​သူ​တို့​သည်​ကိုယ်​တော်​အား လွန်​စွာ​စော်​ကား​ကြ​ပါ​သည်​တကား။

19. သို့​ရာ​တွင်​ကိုယ်​တော်​၏​က​ရု​ဏာ​တော်​သည် ကြီး​မား​တော်​မူ​သည်​ဖြစ်​၍၊ကိုယ်​တော်​သည်​သူ​တို့​အား​သဲ​ကန္တာ​ရ​တွင် စွန့်​တော်​မ​မူ​ပါ။နေ့​အ​ချိန်​၌​သူ​တို့​အား​လမ်း​ပြ​ပို့​ဆောင်​သည့် မိုး​တိမ်​တိုက်​ကို​လည်း​ကောင်း၊ညဥ့်​အ​ချိန်​သူ​တို့​၏​လမ်း​ခ​ရီး​ကို​ထွန်း​လင်း စေ​သည့်မီး​တိမ်​တိုက်​ကို​လည်း​ကောင်း​ရုပ်​သိမ်း​တော် မ​မူ​ပါ။

20. ကိုယ်​တော်​သည်​ကောင်း​မြတ်​တော်​မူ​သ​ဖြင့်သူ​တို့​ပြု​ကျင့်​သင့်​သော​အ​မှု​အ​ရာ​များ​ကို သွန်​သင်​ပေး​တော်​မူ​ပါ​၏။သူ​တို့​အား​မန္န​မုန့်​ကို​ကျွေး​၍​သူ​တို့​သောက်​ရန် ရေ​ကို​ပေး​တော်​မူ​ပါ​၏။

21. အ​နှစ်​လေး​ဆယ်​ပတ်​လုံး​သဲ​ကန္တာ​ရ​တွင်ကိုယ်​တော်​သည်​သူ​တို့​လို​သ​မျှ​သော အ​စား​အ​စာ​ကို​ပေး​တော်​မူ​ပါ​၏။သူ​တို့​အ​ဝတ်​သည်​အ​ဘယ်​အ​ခါ​၌​မျှ မ​ဟောင်း​မ​နွမ်း​ရ​ပါ။သူ​တို့​၏​ခြေ​သည်​မ​ပွန်း​မ​ရောင်​ရ​ပါ။

22. ``ကိုယ်​တော်​သည်​သူ​တို့​အား​မိ​မိ​တို့​နယ် စပ်​တွင် ရှိ​သော​နိုင်​ငံ​များ​နှင့်၊လူ​မျိုး​များ​ကို​နှိမ်​နင်း​ခွင့်​ပေး​တော်​မူ​ပါ​၏။သူ​တို့​သည်​ရှိ​ဟုန်​မင်း​အ​စိုး​ရ​သည့် ဟေ​ရှ​ဘုန်​ပြည်​ကို​လည်း​ကောင်းသြ​ဃ​မင်း​အ​စိုး​ရ​သည့်​ဗာ​ရှန်​ပြည်​ကို လည်း​ကောင်း သိမ်း​ပိုက်​ကြ​ပါ​၏။

23. ကိုယ်​တော်​သည်​သူ​တို့​အားကောင်း​ကင်​ကြယ်​များ​ကဲ့​သို့​များ​ပြား​သည့် သား​သ​မီး​များ​ကို​ပေး​သ​နား​တော်​မူ​ပါ​၏။ထို​နောက်​သူ​တို့​ဘိုး​ဘေး​များ​အားကိုယ်​တော်​က​တိ​ထား​တော်​မူ​သော​ပြည်​တော်​ကိုသိမ်း​ပိုက်​စေ​ကာ​ထို​ပြည်​တွင်​နေ​ထိုင်​စေ​တော် မူ​ပါ​၏။

24. သူ​တို့​သည်​ခါ​နာန်​ပြည်​ကို​သိမ်း​ယူ​ကြ ရ​ပါ​၏။ထို​ပြည်​တွင်​နေ​ထိုင်​သူ​တို့​အား​ကိုယ်​တော် နှိမ်​နင်း​တော်​မူ​ပါ​၏။ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ခါ​နာန်​ပြည်​ဘု​ရင်​များ​နှင့်ပြည်​သူ​တို့​ကို​ပြု​ချင်​သ​လို​ပြု​နိုင်​သော တန်​ခိုး​ပေး​တော်​မူ​ပါ​၏။

နေ​ဟ​မိ 9