သူတို့သည်ကိုယ်တော်၏စကားတော်ကို နားမထောင်ကြပါ။ပြုတော်မူသောအမှုတော်တို့ကို မေ့ပျောက်လိုက်ကြပါ၏။ကိုယ်တော်ပြတော်မူသောနိမိတ်လက္ခဏာ များကို သတိမရကြတော့ပါ။မာန်မာနထောင်လွှားကာမိမိတို့အားကျွန်ခံရာအီဂျစ်ပြည်သို့ပြန်လည်ခေါ်ဆောင် စေရန် ခေါင်းဆောင်တစ်ဦးကိုရွေးချယ်ကြပါ၏။သို့ရာတွင်ကိုယ်တော်သည်အပြစ်များကို ဖြေလွှတ်တော်မူသည့်ဘုရားဖြစ်တော်မူပါ၏။ချစ်ခင်ကြင်နာတော်မူ၍စိတ်ရှည်တော်မူပါ၏။ကရုဏာတော်သည်ကြီးမားသည်ဖြစ်၍ ကိုယ်တော်သည်သူတို့အားစွန့်ပစ်တော်မမူပါ။