ငါတို့ပြည်တွင်နေထိုင်သူလူမျိုးခြားများ နှင့် ကွာလိုက်ကြသောဣသရေလအမျိုးသား များ၊ ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင် များ၊ ဗိမာန်တော်အစောင့်တပ်သားများ၊ ဗိမာန် တော်ဂီတပညာသည်များ၊ဗိမာန်တော်အလုပ် သမားများမှစသောငါတို့သည် မိမိတို့ ဇနီးများနှင့်အရွယ်ရောက်သူသားသမီး တို့နှင့်အတူတကွမောရှေမှတစ်ဆင့်ထာဝရ ဘုရားပေးအပ်တော်မူသောတရားတော်ကို လိုက်နာကျင့်သုံးပါမည်။ ငါတို့၏ထာဝရ ဘုရားပေးတော်မူသောအမိန့်တော်ရှိသမျှ ကိုနားထောင်ပါမည်။ ကိုယ်တော်၏ပညတ် တော်များနှင့်ပြဋ္ဌာန်းတော်မူချက်ရှိ သမျှတို့ကိုလိုက်လျှောက်ပါမည်။ ဤ ကတိသစ္စာကိုချိုးဖောက်သော်ကျိန်စာ သင့်ပါစေ။