နေ​ဟ​မိ 10:1-30 Common Language Bible (BCL)

1. ပ​ထ​မ​ဦး​စွာ​လက်​မှတ်​ရေး​ထိုး​သူ​မှာ ဟာ ခ​လိ​၏​သား၊ ဘု​ရင်​ခံ​နေ​ဟ​မိ​ဖြစ်​၏။ ထို နောက်​ဇိ​ဒ​ကိ​ယ​လက်​မှတ်​ရေး​ထိုး​လေ သည်။စ​ရာ​ယ၊အာ​ဇ​ရိ၊ယေ​ရ​မိ၊ပါ​ရှု​ရ၊အာ​မ​ရိ၊မာ​လ​ခိ​ယ၊ဟတ္ထုတ်၊ရှေ​ဗ​နိ၊မလ္လုတ်ဟာ​ရိမ်၊မေ​ရ​မုတ်၊သြ​ဗ​ဒိ၊ဒံ​ယေ​လ၊ဂိ​န္နေသုန်၊ဗာ​ရုတ်၊မေ​ရှု​လံ၊အ​ဘိ​ယ၊မိ​ယာ​မိန်မာ​ဇိ၊ဗိ​လ​ဂဲ၊ရှေ​မာ​ယ၊အာ​ဇ​နိ​၏​သား​ယော​ရှု၊ဟေ​န​ဒဒ်​သား​ချင်း​စု​ခေါင်း​ဆောင်​ဗိနွိ၊ကပ်​မျေလ၊ရှေ​ဗ​နိ၊ဟော​ဒိ​ယ၊ကေ​လိ​တ၊ပေ​လာ​ယ၊ဟာ​နန်၊မိက္ခာ၊ရေ​ဟုပ်၊ဟာ​ရှ​ဘိ၊ဇက္ကုရ၊ရှေ​ရ​ဘိ၊ရှေ​ဗ​နိ၊ဟော​ဒိ​ယ၊ဗာ​နိ၊ဗေ​နိ​နု။ပါ​ရုတ်၊ပါ​ဟတ်​မော​ဘ၊ဧ​လံ၊ဇ​ဿု၊ဗာ​နိ၊ဗုန္နိ၊အာ​ဇ​ဂဒ်၊ဗေ​ဗဲ၊အ​ဒေါ​နိ​ယ၊ဗိ​ဂဝဲ၊အာ​ဒိန်၊အာ​တာ၊ဟိ​ဇ​ကိ​ယ၊အဇ္ဇုရ၊ဟော​ဒိ​ယ၊ဟ​ရှုံ၊ဗေ​ဇဲ၊ဟာ​ရိပ်၊အာ​န​သုတ်၊နေ​ဗဲ၊မာ​ဂ​ပျာ​ရှ၊မေ​ရှု​လံ၊ဟေ​ဇိ​ရ၊မေ​ရှ​ဇ​ဗေ​လ၊ဇာ​ဒုတ်၊ယာ​ဒွါ၊ပေ​လ​တိ၊ဟာ​နန်၊အ​နာ​ယ၊ဟော​ရှေ၊ဟာ​န​နိ၊ဟာ​ရှုပ်၊ဟာ​လော​ဟက်၊ပိ​လ​ဟ၊ရှော​ဗက်၊ရေ​ဟုံ၊ဟာ​ရှ​ဗ​န၊မာ​သေ​ယ၊အ​ဟိ​ယ၊ဟာ​နန်၊အာ​နန်၊မလ္လုတ်၊ဟာ​ရိမ်၊ဗာ​နာ။

28-29. ငါ​တို့​ပြည်​တွင်​နေ​ထိုင်​သူ​လူ​မျိုး​ခြား​များ နှင့် ကွာ​လိုက်​ကြ​သော​ဣ​သ​ရေ​လ​အ​မျိုး​သား များ၊ ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင် များ၊ ဗိ​မာန်​တော်​အ​စောင့်​တပ်​သား​များ၊ ဗိ​မာန် တော်​ဂီ​တ​ပ​ညာ​သည်​များ၊ဗိ​မာန်​တော်​အ​လုပ် သ​မား​များ​မှ​စ​သော​ငါ​တို့​သည် မိ​မိ​တို့ ဇ​နီး​များ​နှင့်​အ​ရွယ်​ရောက်​သူ​သား​သ​မီး တို့​နှင့်​အ​တူ​တ​ကွ​မော​ရှေ​မှ​တစ်​ဆင့်​ထာ​ဝ​ရ ဘု​ရား​ပေး​အပ်​တော်​မူ​သော​တ​ရား​တော်​ကို လိုက်​နာ​ကျင့်​သုံး​ပါ​မည်။ ငါ​တို့​၏​ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​သော​အ​မိန့်​တော်​ရှိ​သ​မျှ ကို​နား​ထောင်​ပါ​မည်။ ကိုယ်​တော်​၏​ပ​ညတ် တော်​များ​နှင့်​ပြ​ဋ္ဌာန်း​တော်​မူ​ချက်​ရှိ သ​မျှ​တို့​ကို​လိုက်​လျှောက်​ပါ​မည်။ ဤ က​တိ​သစ္စာ​ကို​ချိုး​ဖောက်​သော်​ကျိန်​စာ သင့်​ပါ​စေ။

30. ငါ​တို့​သည်​ဤ​ပြည်​တွင်​နေ​ထိုင်​သူ​လူ​မျိုး ခြား​နှင့်​ထိမ်း​မြား​စုံ​ဖက်​မှု​ကို​ပြု​မည်​မ ဟုတ်​ပါ။

နေ​ဟ​မိ 10