ဒံ​ယေ​လ 8:10-21 Common Language Bible (BCL)

10. ချို​အ​တက်​သည်​ကောင်း​ကင်​ဗိုလ်​ခြေ​တည်း ဟူ​သော​ကြယ်​တာ​ရာ​များ​ကို​တိုက်​ခိုက်​နိုင် သည်​တိုင်​အောင် အင်​အား​ကြီး​မား​လာ​ကာ ထို​ကြယ်​တာ​ရာ​အ​ချို့​တို့​ကို​မြေ​သို့ ချ​၍​နင်း​ချေ​လေ​သည်။-

11. ကောင်း​ကင်​ဗိုလ်​ခြေ​တို့​၏​အ​ရှင်​ကို​ပင်​အာ ခံ​လျက် ကိုယ်​တော်​အား​ပူ​ဇော်​နေ​ကျ​ဖြစ် သည့်​ယဇ်​များ​ကို​ရပ်​စဲ​စေ​၍​ဗိ​မာန်​တော် ကို​ပျက်​စီး​စေ​၏။-

12. လူ​တို့​သည်​နေ့​စဉ်​ပူ​ဇော်​နေ​ကျ​ယဇ်​များ ကို​ပူ​ဇော်​မည့်​အ​စား​စစ်​မှန်​သော​ဘာ​သာ တ​ရား​ကို​မြေ​သို့​တိုင်​အောင်​ရှုတ်​ချ​ကြ​၏။ ထို​ဦး​ချို​သည်​ပြု​လေ​သ​မျှ​သော​အ​မှု တို့​တွင်​အောင်​မြင်​လေ​သည်။

13. ထို​နောက်​ကောင်း​ကင်​တ​မန်​တစ်​ပါး​က အ​ခြား တစ်​ပါး​အား``ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​တွေ့​ရှိ​ရ သည့်​အ​ရာ​များ​သည်​အ​ဘယ်​မျှ​ကြာ​အောင် ဖြစ်​ပျက်​နေ​ပါ​မည်​နည်း။ နေ့​စဉ်​ယဇ်​ပူ​ဇော် ခြင်း​ကို​ကြောက်​မက်​ဖွယ်​ရာ​အ​ပြစ်​ဒု​စ​ရိုက် ဖြင့်​အ​စား​ထိုး​မှု​သည်​လည်း​ကောင်း၊ ကောင်း ကင်​ဗိုလ်​ခြေ​နှင့်​ဗိ​မာန်​တော်​ကို​နင်း​ချေ​မှု သည်​လည်း​ကောင်း​အ​ဘယ်​မျှ​ကြာ​ဖြစ် ပျက်​လိမ့်​မည်​နည်း'' ဟု​မေး​သည်​ကို​ငါ ကြား​ရ​၏။

14. ဒု​တိ​ယ​ကောင်း​ကင်​တ​မန်​က``ရက်​ပေါင်း တစ်​ထောင့်​တစ်​ရာ့​ငါး​ဆယ် ကြာ​လိမ့်​မည်။ ထို​ကာ​လ​အ​တော​အ​တွင်း​၌ နံ​နက်​နှင့်​ညဥ့်​ဦး​ယံ​ယဇ်​ပူ​ဇော်​မှု​များ​ကို ပြု​ကြ​လိမ့်​မည်​မ​ဟုတ်။ ထို​နောက်​ဗိ​မာန်​တော် သည်​ပြန်​လည်​သန့်​စင်​၍​လာ​လိမ့်​မည်'' ဟု ပြန်​ပြော​၏။

15. ငါ​ဒံ​ယေ​လ​သည်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​၏​အ​နက် ကို​သိ​ရှိ​နိုင်​ရန်​ကြိုး​စား​လျက်​နေ​စဉ် လူ့ သဏ္ဌာန်​ကို​ဆောင်​သူ​တစ်​ဦး​သည်​ငါ​၏​ရှေ့ တွင်​ရပ်​၍​နေ​သည်​ကို​မြင်​ရ​၏။-

16. ထို​အ​ချိန်​၌``အ​ချင်း​ဂါ​ဗြေ​လ၊ ထို​သူ​အား ရူ​ပါ​ရုံ​၏​အနက်​ကို​ဖော်​ပြ​လော့'' ဟူ​၍​ဥ​လဲ မြစ်​ဘက်​မှ​လူ့​အ​သံ​နှင့်​ဟစ်​၍​ပြော​ဆို​သည် ကို​ငါ​ကြား​ရ​၏။-

17. ဂါ​ဗြေ​လ​သည်​ငါ​၏​အ​နီး​သို့​လာ​၍​ရပ် လိုက်​သော​အ​ခါ​ငါ​သည်​လွန်​စွာ​ထိတ်​လန့် သွား​သ​ဖြင့်​မြေ​သို့​လဲ​ကျ​လေ​သည်။ဂါ​ဗြေ​လ​က``အ​ချင်း​လူ​သား၊ ရူ​ပါ​ရုံ​၏ အ​နက်​ကို​နား​လည်​လော့။ ထို​ရူ​ပါ​ရုံ​သည် ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​နှင့်​သက်​ဆိုင်​၏'' ဟု ငါ့​အား​ဆို​၏။-

18. သူ​ဤ​သို့​ပြော​နေ​စဉ်​ငါ​သည်​မေ့​မြော​၍ မြေ​ပေါ်​သို့​လဲ​ကျ​သွား​လေ​သည်။ သို့​ရာ တွင်​သူ​သည်​ငါ့​အား​ဆွဲ​ကိုင်​ထူ​မ​ပြီး လျှင်၊-

19. ``ထာ​ဝ​ရ​ဘု​ရား​အ​မျက်​တော်​၏​အ​ကျိုး ဆက်​ကား အ​ဘယ်​သို့​ဖြစ်​မည်​ကို​သင့်​အား ငါ​ဖော်​ပြ​နေ​ခြင်း​ဖြစ်​၏။ ရူ​ပါ​ရုံ​သည် အ​ဆုံး​စွန်​သော​ကာ​လ​နှင့်​သက်​ဆိုင်​၏။

20. ``သင်​မြင်​ရ​သော​ဦး​ချို​နှစ်​ချောင်း​ရှိ​သည့် သိုး​သည် မေ​ဒိ​နှင့်​ပါ​ရှ​နိုင်​ငံ​များ​ကို​ဆို လို​၏။-

21. ဆိတ်​သည်​ဂ​ရိတ်​နိုင်​ငံ​ဖြစ်​၏။ သူ​၏​မျက်​စိ များ​အ​ကြား​မှ​ငေါ​၍​ထွက်​နေ​သော​ဦး​ချို ကား ထို​နိုင်​ငံ​၏​ပ​ထ​မ​မြောက်​ဘု​ရင်​ဖြစ်​၏။-

ဒံ​ယေ​လ 8