ဒုတိယကောင်းကင်တမန်က``ရက်ပေါင်း တစ်ထောင့်တစ်ရာ့ငါးဆယ် ကြာလိမ့်မည်။ ထိုကာလအတောအတွင်း၌ နံနက်နှင့်ညဥ့်ဦးယံယဇ်ပူဇော်မှုများကို ပြုကြလိမ့်မည်မဟုတ်။ ထိုနောက်ဗိမာန်တော် သည်ပြန်လည်သန့်စင်၍လာလိမ့်မည်'' ဟု ပြန်ပြော၏။