2. ထာဝရဘုရားက``သင့်လက်ထဲတွင်မည်သည့် အရာရှိသနည်း'' ဟုမေးလျှင်၊မောရှေက``တောင်ဝှေးရှိပါသည်'' ဟုလျှောက်၏။
3. ထာဝရဘုရားက``တောင်ဝှေးကိုမြေပေါ်သို့ ပစ်ချလော့'' ဟုမိန့်တော်မူ၏။ မောရှေသည် တောင်ဝှေးကိုပစ်ချလိုက်သောအခါ၊ တောင် ဝှေးသည်မြွေဖြစ်လာသဖြင့်သူသည်လန့် ၍ထွက်ပြေးလေ၏။-
4. ထိုအခါထာဝရဘုရားက မောရှေအား``သင် ၏လက်ကိုဆန့်၍မြွေအမြီးကိုကိုင်ဖမ်းလော့'' ဟုမိန့်တော်မူ၏။ မောရှေသည်လက်ကိုဆန့်၍ မြွေကိုကိုင်ဖမ်းလိုက်သောအခါ လက်ထဲ၌ တောင်ဝှေးတစ်ဖန်ဖြစ်လာပြန်လေသည်။-
5. ထာဝရဘုရားကဣသရေလအမျိုး သားတို့ရှေ့တွင် ထိုသို့ပြုလုပ်ပြလော့။ သို့ မှသာလျှင်သင်သည်သူတို့ဘိုးဘေးတို့၏ ထာဝရအရှင်ဘုရားသခင်၊ အာဗြဟံ ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ ဘုရားကိုဖူးမြင်ခဲ့ရကြောင်းသူတို့ယုံ ကြမည်'' ဟုမိန့်တော်မူ၏။
6. တစ်ဖန်ထာဝရဘုရားက မောရှေအား``သင် ၏လက်ကိုဝတ်ရုံအောက်သို့သွင်းလော့'' ဟုမိန့် တော်မူ၏။ မောရှေသည်မိန့်တော်မူသည့်အတိုင်း ပြုလုပ်၏။ လက်ကိုပြန်ထုတ်လိုက်သောအခါ လက်သည်အရေပြားရောဂါစွဲ၍မိုးပွင့် ကဲ့သို့ဖြူဆွတ်လာ၏။-