တစ်ဖန်ထာဝရဘုရားက မောရှေအား``သင် ၏လက်ကိုဝတ်ရုံအောက်သို့သွင်းလော့'' ဟုမိန့် တော်မူ၏။ မောရှေသည်မိန့်တော်မူသည့်အတိုင်း ပြုလုပ်၏။ လက်ကိုပြန်ထုတ်လိုက်သောအခါ လက်သည်အရေပြားရောဂါစွဲ၍မိုးပွင့် ကဲ့သို့ဖြူဆွတ်လာ၏။-