တ​ရား​ဟော 30:7-20 Common Language Bible (BCL)

7. သင်​တို့​ကို​မုန်း​၍​နှိပ်​စက်​ညှဉ်း​ဆဲ​သော ရန်​သူ​များ​အ​ပေါ်​သို့ ထို​အ​မင်္ဂ​လာ​ရှိ သ​မျှ​ကို​ကျ​ရောက်​စေ​တော်​မူ​လိမ့်​မည်။-

8. သင်​တို့​သည်​လည်း​ကိုယ်​တော်​၏​အ​မိန့်​ကို တစ်​ဖန်​နာ​ခံ​၍ ငါ​ယ​နေ့​သင်​တို့​အား ပေး​သော​ပ​ညတ်​တော်​ရှိ​သ​မျှ​တို့​ကို စောင့်​ထိန်း​ကြ​လိမ့်​မည်။-

11. ``သင်​တို့​အား​ငါ​ယ​နေ့​ပေး​သော​ပ​ညတ် တ​ရား​တော်​သည် သင်​တို့​အ​တွက်​နား​မ​လည် နိုင်​အောင်​ခဲ​ယဉ်း​သည်​မ​ဟုတ်။ သင်​တို့​လက် လှမ်း​မ​မီ​နိုင်​အောင်​ဝေး​သည်​မ​ဟုတ်။-

12. သင်​တို့​က`အ​ကျွန်ုပ်​တို့​သည်​ထို​ပညတ်​တ​ရား တော်​ကို​ကြား​နာ​စောင့်​ထိန်း​နိုင်​ရန် အ​ဘယ်​သူ သည်​ကောင်း​ကင်​သို့​တက်​၍​အ​ကျွန်ုပ်​တို့​ထံ​သို့ ယူ​ဆောင်​ခဲ့​ပါ​မည်​နည်း' ဟူ​၍​မေး​မြန်း​ရ လောက်​အောင် ထို​ပ​ညတ်​တ​ရား​တော်​သည် ကောင်း​ကင်​၌​ရှိ​သည်​မ​ဟုတ်။-

13. သင်​တို့​က`အ​ကျွန်ုပ်​တို့​သည်​ပညတ်​တ​ရား တော်​ကို​ကြား​နာ​စောင့်​ထိန်း​နိုင်​ရန် အ​ဘယ် သူ​သည်​သ​မုဒ္ဒ​ရာ​ကို​ဖြတ်​ကူး​၍​အ​ကျွန်ုပ် တို့​ထံ​သို့​ယူ​ဆောင်​ခဲ့​ပါ​မည်​နည်း' ဟူ​၍ မေး​မြန်း​ရ​လောက်​အောင်​သ​မုဒ္ဒ​ရာ​တစ် ဖက်​စွန်း​၌​ရှိ​သည်​မ​ဟုတ်။-

14. ထို​တ​ရား​တော်​သည်​ဤ​နေ​ရာ​၌​သင်​တို့ နှင့်​အ​တူ​ရှိ​၏။ သင်​တို့​သိ​သော​တ​ရား၊ သင် တို့​ရွတ်​ဆို​နိုင်​သော​တ​ရား​ဖြစ်​၏။ ထို့​ကြောင့် ထို​တ​ရား​တော်​ကို​သင်​တို့​ယ​ခု​လိုက်​နာ ကြ​လော့။

15. ``ယ​နေ့​ငါ​သည်​သင်​တို့​အား အ​ကောင်း​သို့ မ​ဟုတ်​အ​ဆိုး၊ အ​သက်​ရှင်​ခြင်း​သို့​မ​ဟုတ် သေ​ခြင်း​ကို​ရွေး​ချယ်​စေ​ပြီ။-

16. ငါ​ယ​နေ့​ပေး​သော​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တော်​များ​ကို​စောင့် ထိန်း​လျှင်၊ ကိုယ်​တော်​ကို​ချစ်​၍​အ​မိန့်​တော်​ကို နာ​ခံ​လျက် ပ​ညတ်​တရား​တော်​ရှိ​သ​မျှ​ကို စောင့်​ထိန်း​လျှင် သင်​တို့​၏​နိုင်​ငံ​သည်​ဖွံ့​ဖြိုး​၍ လူ​ဦး​ရေ​များ​ပြား​လိမ့်​မည်။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​သိမ်း​ယူ နေ​ထိုင်​မည့်​ပြည်​တွင်​သင်​တို့​အား​ကောင်း​ချီး ပေး​တော်​မူ​လိမ့်​မည်။-

17. သို့​ရာ​တွင်​သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ၏​အ​မိန့်​တော်​ကို​မ​နာ​ခံ​ဘဲ​ဖောက်​ပြန်​၍ အ​ခြား​သော​ဘု​ရား​များ​ကို​ကိုး​ကွယ် လျှင်​မူ​ကား၊-

18. သင်​တို့​သည်​ပျက်​စီး​ဆုံး​ရှုံး​ရ​မည်​ဟု ငါ ယ​ခု​ပင်​သင်​တို့​အား​သ​တိ​ပေး​၏။ သင်​တို့ သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​၍ သိမ်း​ယူ​မည့် ပြည်​တွင်​ကြာ​ရှည်​စွာ​နေ​ထိုင်​ရ​ကြ​မည်​မ​ဟုတ်။-

19. ငါ​သည်​ယ​ခု​သင်​တို့​အား​အ​သက်​ရှင်​ခြင်း​သို့ မ​ဟုတ်​သေ​ခြင်း၊ ဘု​ရား​သ​ခင်​ထံ​တော်​မှ​ကောင်း ချီး​မင်္ဂ​လာ​သို့​မ​ဟုတ်​အ​မင်္ဂ​လာ​ကို​ရွေး​ခွင့် ပေး​၏။ သင်​တို့​ရွေး​ယူ​သည်​ကို ကောင်း​ကင်​နှင့် မြေ​ကြီး​သက်​သေ​ဖြစ်​ပါ​စေ။ အ​သက်​ရှင် ခြင်း​ကို​ရွေး​ယူ​ကြ​လော့။-

20. သင်​တို့​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ​သော အာ​ဗြ​ဟံ၊ ဣ​ဇာက်​နှင့်​ယာ​ကုပ်​တို့​အား​က​တိ​ထား​တော်​မူ သော​ပြည်​တွင် သင်​တို့​နှင့်​သင်​တို့​၏​အ​ဆက် အ​နွယ်​များ​ကြာ​ရှည်​စွာ​အ​သက်​ရှင်​နေ​ထိုင် နိုင်​စေ​ရန် သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​ချစ်​၍​အ​မိန့်​တော်​ကို​နာ​ခံ​လျက် ကိုယ်​တော်​ရှင်​အား​ဆည်း​ကပ်​ကိုး​ကွယ်​ကြ လော့'' ဟု​မှာ​ကြား​လေ​၏။

တ​ရား​ဟော 30