ငါယနေ့ပေးသောသင်တို့၏ဘုရားသခင် ထာဝရဘုရား၏ပညတ်တော်များကိုစောင့် ထိန်းလျှင်၊ ကိုယ်တော်ကိုချစ်၍အမိန့်တော်ကို နာခံလျက် ပညတ်တရားတော်ရှိသမျှကို စောင့်ထိန်းလျှင် သင်တို့၏နိုင်ငံသည်ဖွံ့ဖြိုး၍ လူဦးရေများပြားလိမ့်မည်။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့သိမ်းယူ နေထိုင်မည့်ပြည်တွင်သင်တို့အားကောင်းချီး ပေးတော်မူလိမ့်မည်။-