မောရှေနှင့်ဧလာဇာတို့သည်အမိန့်တော် အတိုင်း အသက်နှစ်ဆယ်နှင့် အထက်ရှိသူ ယောကျာ်းအပေါင်းတို့ကိုဆင့်ခေါ်သဖြင့် သူတို့သည်ယေရိခေါမြို့တစ်ဘက်ယော်ဒန် မြစ်နားရှိမောဘလွင်ပြင်၌စုရုံးရောက် ရှိလာကြသည်။အီဂျစ်ပြည်မှထွက်ခွာလာကြသောအသက် နှစ်ဆယ်နှင့်အထက်အရွယ်ရှိ ဣသရေလ အမျိုးသားထဲမှယောကျာ်းဦးရေမှာအောက် ပါအတိုင်းဖြစ်သည်။