တော​လည် 26:1-9 Common Language Bible (BCL)

1. ရော​ဂါ​ကပ်​လွန်​ပြီး​နောက်​ထာ​ဝ​ရ​ဘု​ရား သည် မော​ရှေ​နှင့်​အာ​ရုန်​၏​သား​ဧ​လာ​ဇာ တို့​အား၊-

2. ``ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ထဲ​မှ အ​သက်​နှစ်​ဆယ်​နှင့်​အ​ထက်​ရှိ​၍ စစ်​မှု​ထမ်း နိုင်​သော​ယောကျာ်း​ဦး​ရေ​စာ​ရင်း​ကို မိ​သား​စု အ​လိုက်​ကောက်​ယူ​လော့'' ဟု​မိန့်​တော်​မူ​၏။-

3-4. မော​ရှေ​နှင့်​ဧ​လာ​ဇာ​တို့​သည်​အ​မိန့်​တော် အ​တိုင်း အ​သက်​နှစ်​ဆယ်​နှင့် အ​ထက်​ရှိ​သူ ယောကျာ်း​အ​ပေါင်း​တို့​ကို​ဆင့်​ခေါ်​သ​ဖြင့် သူ​တို့​သည်​ယေ​ရိ​ခေါ​မြို့​တစ်​ဘက်​ယော်​ဒန် မြစ်​နား​ရှိ​မော​ဘ​လွင်​ပြင်​၌​စု​ရုံး​ရောက် ရှိ​လာ​ကြ​သည်။အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​ကြ​သော​အ​သက် နှစ်​ဆယ်​နှင့်​အ​ထက်​အ​ရွယ်​ရှိ ဣ​သ​ရေ​လ အ​မျိုး​သား​ထဲ​မှ​ယောကျာ်း​ဦး​ရေ​မှာ​အောက် ပါ​အ​တိုင်း​ဖြစ်​သည်။

5. ရု​ဗင်​အ​နွယ်(ရု​ဗင်​သည်​ယာ​ကုပ်​၏​သား​ဦး ဖြစ်​၏) သား​ချင်း​စု​များ​မှာ​ဟာ​နုတ်​၏​သား ချင်း​စု၊ ဖာ​လု​၏​သား​ချင်း​စု၊-

6. ဟေ​ဇ​ရုံ​၏​သား​ချင်း​စု​နှင့်​ကာ​မိ​၏​သား​ချင်း စု​တို့​ဖြစ်​သည်။

7. ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ​လေး​သောင်း သုံး​ထောင့်​ခု​နစ်​ရာ့​သုံး​ဆယ်​ယောက်​ဖြစ်​သည်။-

8. ဖာ​လု​၏​အ​ဆက်​အ​နွယ်​များ​မှာ​ဧ​လျာ​ဘ​နှင့်၊-

9. သူ​၏​သား​များ​ဖြစ်​သော​နေ​မွေ​လ၊ ဒါ​သန်၊ အ​ဘိ​ရံ​တို့​ဖြစ်​ကြ​သည်။ (ဒါ​သန်​နှင့်​အ​ဘိ​ရံ တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​က​ခေါင်း​ဆောင်​အ​ဖြစ်​ရွေး​ချယ်​ခြင်း​ခံ​ရ​၍ မော​ရှေ​နှင့်​အာ​ရုန်​တို့​၏​အာ​ဏာ​ကို​ဖီ​ဆန် လျက် ကော​ရ​၏​နောက်​လိုက်​များ​နှင့်​အ​တူ ထာ​ဝ​ရ​ဘု​ရား​ကို​ပုန်​ကန်​ခဲ့​သူ​များ ဖြစ်​ကြ​၏။-

52-56. ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား``အ​နွယ် တို့​၏​ဦး​ရေ​အ​နည်း​အ​များ​အ​လိုက်​ခါ​နာန် ပြည်​ကို​ခွဲ​ဝေ​ပေး​လော့။ လူ​ဦး​ရေ​များ​သော အ​နွယ်​တို့​အ​တွက်​မြေ​ပို​၍​လည်း​ကောင်း၊ လူ​ဦး ရေ​နည်း​သော​အ​နွယ်​တို့​အ​တွက်​မြေ​လျော့​နည်း ၍​လည်း​ကောင်း​စာ​ရေး​တံ​ချ​၍​ဝေ​ပေး​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။

တော​လည် 26