3-4. မောရှေနှင့်ဧလာဇာတို့သည်အမိန့်တော် အတိုင်း အသက်နှစ်ဆယ်နှင့် အထက်ရှိသူ ယောကျာ်းအပေါင်းတို့ကိုဆင့်ခေါ်သဖြင့် သူတို့သည်ယေရိခေါမြို့တစ်ဘက်ယော်ဒန် မြစ်နားရှိမောဘလွင်ပြင်၌စုရုံးရောက် ရှိလာကြသည်။အီဂျစ်ပြည်မှထွက်ခွာလာကြသောအသက် နှစ်ဆယ်နှင့်အထက်အရွယ်ရှိ ဣသရေလ အမျိုးသားထဲမှယောကျာ်းဦးရေမှာအောက် ပါအတိုင်းဖြစ်သည်။
21. ဟေဇရုံ၏သားချင်းစုနှင့်ဟာမုလ၏သား ချင်းစုတို့ဖြစ်သည်။-
22. ဤသားချင်းစုတို့၏ဦးရေမှာ ခုနစ်သောင်း ခြောက်ထောင့်ငါးရာယောက်ဖြစ်သည်။
23. ဣသခါအနွယ်မှသားချင်းစုများမှာ တောလ ၏သားချင်းစု၊ ဖုဝါ၏သားချင်းစု၊-
24. ယာရှုပ်၏သားချင်းစုနှင့်ရှိမရုန်၏သားချင်းစု တို့ဖြစ်သည်။-
25. ဤသားချင်းစုတို့၏ဦးရေမှာ ခြောက်သောင်း လေးထောင့်သုံးရာယောက်ဖြစ်သည်။
26. ဇာဗုလုန်အနွယ်မှသားချင်းစုများမှာသရက် ၏သားချင်းစု၊ ဧလုန်၏သားချင်းစုနှင့်ယာ လေလ၏သားချင်းစုတို့ဖြစ်သည်။-
27. ဤသားချင်းစုတို့၏ဦးရေမှာခြောက်သောင်း ငါးရာယောက်ဖြစ်သည်။
28. ယောသပ်အနွယ်များမှာ မနာရှေနှင့်ဧဖရိမ်တို့ ဖြစ်သည်။ ယောသပ်သည် မနာရှေနှင့်ဧဖရိမ်တို့ ၏ဖခင်ဖြစ်သည်။
29. မနာရှေအနွယ်၊ မနာရှေ၏သားမာခိရသည် ဂိလဒ်၏ဖခင်ဖြစ်သည်။ ဂိလဒ်မှဆင်းသက် သောသားချင်းစုများမှာ၊-
30. ယေဇေရ၏သားချင်းစု၊ ဟေလက်၏သားချင်း စု၊-
31. အသရေလ၏သားချင်းစု၊ ရှေခင်၏သားချင်းစု၊-
32. ရှမိဒ၏သားချင်းနှင့်ဟေဖာ၏သားချင်းစုတို့ ဖြစ်ကြသည်။-
33. ဟေဖာ၏သားဇလောဖဒ်တွင်သားယောကျာ်းမရှိ၊ သမီးများသာရှိ၏။ ထိုသမီးများ၏နာမည် များမှာမာလာ၊ နောအာ၊ ဟောဂလာ၊ မလကာ နှင့်တိရဇာတို့ဖြစ်သည်။-