တော​လည် 24:15-20 Common Language Bible (BCL)

15. ထို​နောက်​သူ​သည်​အောက်​ပါ​ဗျာ​ဒိတ်​တော်​ကို ဆင့်​ဆို​လေ​၏။``ဤ​ကား​ဗော​ရ​၏​သား​ဗာ​လမ်​ဆင့်​ဆို​သော ဗျာ​ဒိတ်​တော်​ဖြစ်​၏။ရှင်း​လင်း​စွာ​မြင်​နိုင်​သူ​၏​စ​ကား​များ​တည်း။

16. သူ​သည်​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သော စ​ကား​ကို​ကြား​နိုင်​၏။အ​မြင့်​ဆုံး​သော​ဘု​ရား​ထံ​တော်​မှ အ​သိ​ပ​ညာ​ကို​ရ​ရှိ​၏။မျက်​စိ​ပွင့်​လျက်​ဘ​ဝင်​ကျ​နေ​စဉ်အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ထံ​တော်​မှ ရူ​ပါ​ရုံ​ကို​ငါ​မြင်​ရ​၏။

17. ငါ​သည်​အ​နာ​ဂတ်​ကို​မျှော်​ကြည့်​သော​အ​ခါ ဣ​သ​ရေ​လ​နိုင်​ငံ​ကို​ငါ​မြင်​ရ​၏။ထို​နိုင်​ငံ​တွင်​ရှင်​ဘု​ရင်​တစ်​ပါး​သည်​တောက်​ပ​သော ကြယ်​သ​ဖွယ်​ပေါ်​ထွန်း​လာ​လိမ့်​မည်။ထို​ဘု​ရင်​သည်​ကြယ်​တံ​ခွန်​သ​ဖွယ်ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​ပေါ်​ထွန်း​လိမ့်​မည်။သူ​သည်​မော​ဘ​အ​မျိုး​သား​ခေါင်း​ဆောင်​တို့​ကို တိုက်​ခိုက်​ချေ​မှုန်း​၍ရှေ​သ​အ​နွယ်​ဝင်​တို့​ကို​နှိမ်​နင်း​လိမ့်​မည်။

18. သူ​သည်​ဧ​ဒုံ​ပြည်​ရှိ​ရန်​သူ​တို့​ကို တိုက်​ခိုက်​အောင်​မြင်​၍သူ​တို့​၏​ပြည်​ကို​သိမ်း​ယူ​လိမ့်​မည်။

19. ဣ​သ​ရေ​လ​နိုင်​ငံ​သည်​အ​ဆက်​မ​ပြတ် အောင်​ပွဲ​ခံ​လိမ့်​မည်။ဣ​သ​ရေ​လ​နိုင်​ငံ​သည်​ရန်​သူ​တို့​ကို​ချေ​မှုန်း​၍ တစ်​ယောက်​မ​ကျန်​သုတ်​သင်​ဖျက်​ဆီး​လိမ့်​မည်။''

20. ထို​နောက်​ဗာ​လမ်​သည်​အာ​မ​လက်​အ​မျိုး​သား တို့​ကို ရူ​ပါ​ရုံ​၌​မြင်​၍​အောက်​ပါ​ဗျာ​ဒိတ်​တော် ကို​ဆင့်​ဆို​လေ​၏။``အာ​မ​လက်​နိုင်​ငံ​သည်​အင်​အား အ​ကြီး​ဆုံး​နိုင်​ငံ​ဖြစ်​၏။သို့​ရာ​တွင်​နောက်​ဆုံး​၌​ထို​နိုင်​ငံ​သည် ပျက်​သုဉ်း​ရ​လိမ့်​မည်။''

တော​လည် 24