ငါသည်အနာဂတ်ကိုမျှော်ကြည့်သောအခါ ဣသရေလနိုင်ငံကိုငါမြင်ရ၏။ထိုနိုင်ငံတွင်ရှင်ဘုရင်တစ်ပါးသည်တောက်ပသော ကြယ်သဖွယ်ပေါ်ထွန်းလာလိမ့်မည်။ထိုဘုရင်သည်ကြယ်တံခွန်သဖွယ်ဣသရေလနိုင်ငံတွင်ပေါ်ထွန်းလိမ့်မည်။သူသည်မောဘအမျိုးသားခေါင်းဆောင်တို့ကို တိုက်ခိုက်ချေမှုန်း၍ရှေသအနွယ်ဝင်တို့ကိုနှိမ်နင်းလိမ့်မည်။