တော​လည် 18:17-32 Common Language Bible (BCL)

17. သို့​ရာ​တွင် နွား၊ သိုး၊ ဆိတ်​တို့​၏​သား​ဦး​များ​ကို ရွေး​ယူ​ပိုင်​ခွင့်​မ​ရှိ။ ယင်း​တို့​ကို​ငါ့​အား​ဆက် ကပ်​ထား​ပြီး​ဖြစ်​၍​ပူ​ဇော်​ရ​မည်။ ထို​ယဇ်​ကောင် တို့​၏​သွေး​ကို​ယဇ်​ပလ္လင်​ပေါ်​သို့​ပက်​ဖျန်း​၍ အ​ဆီ​ကို​ပူ​ဇော်​သ​ကာ​အ​ဖြစ်​မီး​ရှို့​ရ​မည်။ ထို​ရ​နံ့​ကို​ငါ​နှစ်​သက်​တော်​မူ​၏။-

18. အ​ထူး​ပူ​ဇော်​သ​ကာ​မှ​ရင်​ပုံ​သား​နှင့်​ယာ ဘက်​ပေါင်​သည် သင်​တို့​နှင့်​ဆိုင်​သ​ကဲ့​သို့ ယင်း​တို့​၏​အ​သား​သည်​လည်း​သင်​တို့​နှင့် ဆိုင်​၏။

19. ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​ငါ့​အား ဆက်​သ​သော အ​ထူး​ပူ​ဇော်​သကာ​ရှိ​သ​မျှ​တို့ ကို​သင်​နှင့်​သင်​၏​သား​မြေး​အ​စဉ်​အ​ဆက် တို့​အား​ငါ​ပေး​၏။ ဤ​ပဋိညာဉ်​သည်​ငါ​နှင့်​သင် ၏​အ​ဆက်​အ​နွယ်​တို့​ပြု​ထား​သော ထာ​ဝ​စဉ် တည်​မြဲ​သည့်​ပ​ဋိ​ညာဉ်​ဖြစ်​၏'' ဟု​မိန့်​တော် မူ​၏။

20. ထာ​ဝ​ရ​ဘု​ရား​က​အာ​ရုန်​အား``ဣ​သ​ရေ​လ နိုင်​ငံ​တွင် သင်​အ​မွေ​ခံ​ရန်​ပစ္စည်း၊ သင်​ပိုင်​မြေ ရ​လိမ့်​မည်​မ​ဟုတ်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင်​မှီ​ခို​အား​ထား​ရာ​ဖြစ်​သည်'' ဟု​မိန့်​တော် မူ​၏။

21. ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​အ​မျိုး​သား တို့​က ငါ့​အား​ဆက်​သ​သော​ဆယ်​ဖို့​တစ်​ဖို့ အ​လှူ​ရှိ​သ​မျှ​ကို လေ​ဝိ​အ​နွယ်​ဝင်​တို့​အား ငါ​စံ​တော်​မူ​ရာ​တဲ​တော်​ထိန်း​သိမ်း​ခ​အ​ဖြစ် ငါ​ပေး​ပြီ။-

22. အ​ခြား​သော​ဣ​သ​ရေ​လ​အ​နွယ်​ဝင်​တို့​သည် တဲ​တော်​အ​နီး​သို့​မ​ချဉ်း​ကပ်​ရ၊ ချဉ်း​ကပ်​မိ သော​သူ​တို့​သည်​သေ​ဒဏ်​ခံ​ရ​မည်။-

23-24. ယ​ခု​မှ​စ​၍​လေ​ဝိ​အ​နွယ်​ဝင်​တို့​က​သာ​လျှင် တဲ​တော်​ကို​ထိန်း​သိမ်း​၍ တဲ​တော်​နှင့်​ဆိုင်​သော ဝေ​ယျာ​ဝစ္စ​ရှိ​သ​မျှ​ကို​တာ​ဝန်​ခံ​ဆောင်​ရွက် ရ​မည်။ ဤ​ပ​ညတ်​ကို​သင်​၏​သား​မြေး​အ​စဉ် အ​ဆက်​စောင့်​ထိန်း​ရ​မည်။ ငါ့​အား​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​က​အ​ထူး​အ​လှူ​အ​ဖြစ် ဆက် သ​သော​ဆယ်​ဖို့​တစ်​ဖို့​ကို​လေ​ဝိ​အ​နွယ်​ဝင် တို့​ကို​ငါ​ပေး​ထား​ပြီ​ဖြစ်​သော​ကြောင့် ဣ​သ ရေ​လ​နိုင်​ငံ​တွင်​ပစ္စည်း​ဥစ္စာ​မ​ပိုင်​ဆိုင်​ရ။ သို့ ဖြစ်​၍​သူ​တို့​သည်​ဣ​သ​ရေ​လ​နိုင်​ငံ​တွင် ပစ္စည်း​ဥစ္စာ​မ​ပိုင်​ရ​ဟု​ငါ​အ​မိန့်​ရှိ​ခဲ့​ပြီ'' ဟု​မိန့်​တော်​မူ​၏။

25-26. ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် လေ​ဝိ အ​နွယ်​ဝင်​တို့​အား``ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဆယ်​ဖို့​တစ်​ဖို့​အ​လှူ ကို​သင်​တို့​အား​ပေး​သော​အ​ခါ သင်​တို့​သည် ထို​အ​လှူ​၏​ဆယ်​ဖို့​တစ်​ဖို့​ကို​ထာ​ဝ​ရ​ဘု​ရား အား အ​ထူး​အ​လှူ​အ​ဖြစ်​ဆက်​သ​ရ​မည်။-

27. ထို​အ​ထူး​အ​လှူ​ကို​လယ်​သ​မား၊ ခြံ​သ​မား ဆက်​သ​သော​ကောက်​သစ်၊ စ​ပျစ်​ရည်​သစ် အ​လှူ​ကဲ့​သို့​ငါ​မှတ်​ယူ​မည်။-

28. ဤ​နည်း​အား​ဖြင့်​သင်​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ထံ​မှ ရ​ရှိ​သော​ဆယ်​ဖို့​တစ်​ဖို့ အ​လှူ​ရှိ​သ​မျှ​ကို ငါ့​အား​အ​ထူး​အ​လှူ အ​ဖြစ်​ဆက်​သ​ရ​မည်။ သင်​တို့​သည်​ငါ့​အား ဆက်​သ​သော ဤ​အ​ထူး​အ​လှူ​ကို​ယဇ်​ပု ရော​ဟိတ်​အာ​ရုန်​အား​ပေး​အပ်​ရ​မည်။-

29. သင်​တို့​ရ​ရှိ​သော​အ​လှူ​ထဲ​မှ​အ​ကောင်း​ဆုံး ကို ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​သ​ရ​မည်။-

30. လယ်​သ​မား၊ ခြံ​သ​မား​သည်​ထာ​ဝရ​ဘုရား အ​တွက် လှူ​စ​ရာ​သီး​နှံ​များ​ကို​ဆက်​သ​ပြီး နောက် ကျန်​ရှိ​သ​မျှ​ကို​မိ​မိ​စား​သုံး​နိုင်​သ​ကဲ့ သို့ သင်​တို့​သည်​အ​ကောင်း​ဆုံး​ကို​ဆက်​သ​ပြီး လျှင် ကျန်​ရှိ​သ​မျှ​ကို​စား​သုံး​နိုင်​သည်။-

31. ကျန်​ရှိ​သ​မျှ​သော​အ​လှူ​သည်​သင်​တို့​တဲ တော်​၌ အ​မှု​ဆောင်​သည့်​အ​တွက်​ခံ​ထိုက်​သော အ​ခ​ဖြစ်​ခြင်း​ကြောင့် ထို​အ​လှူ​ကို​သင်​နှင့် သင်​၏​မိ​သား​စု​တို့​သည်​မည်​သည့်​နေ​ရာ ၌​မ​ဆို​စား​သုံး​နိုင်​သည်။-

32. အ​လှူ​ထဲ​မှ​အ​ကောင်း​ဆုံး​ကို​ထာ​ဝ​ရ​ဘု​ရား အား ဆက်​သ​ပြီး​မှ​စား​သုံး​လျှင်​သင်​တို့​၌ အ​ပြစ်​မ​ရှိ။ သို့​ရာ​တွင်​သင်​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ပေး​သော အ​လှူ​မှ​အ​ကောင်း​ဆုံး ကို​ထာ​ဝ​ရ​ဘု​ရား​အား​မ​ဆက်​သ​မီ​စား​သုံး ခြင်း​အား​ဖြင့် အ​လှူ​ကို​မ​ညစ်​ညူး​မိ​စေ​ရန် သ​တိ​ပြု​လော့။ ညစ်​ညူး​မိ​လျှင်​သင်​တို့​သည် သေ​ဒဏ်​သင့်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

တော​လည် 18