သို့ရာတွင် နွား၊ သိုး၊ ဆိတ်တို့၏သားဦးများကို ရွေးယူပိုင်ခွင့်မရှိ။ ယင်းတို့ကိုငါ့အားဆက် ကပ်ထားပြီးဖြစ်၍ပူဇော်ရမည်။ ထိုယဇ်ကောင် တို့၏သွေးကိုယဇ်ပလ္လင်ပေါ်သို့ပက်ဖျန်း၍ အဆီကိုပူဇော်သကာအဖြစ်မီးရှို့ရမည်။ ထိုရနံ့ကိုငါနှစ်သက်တော်မူ၏။-