1. ဣသရေလအမျိုးသားတို့သည်အီဂျစ်ပြည်မှထွက်လာပြီးနောက် ဒုတိယနှစ်၊ ဒုတိယလ၊ ပထမနေ့ရက်တွင်ထာဝရဘုရားသည် သိနာတောကန္တာရရှိစံတော်မူရာတဲတော်၌မောရှေအားအောက်ပါအတိုင်းမိန့်တော်မူ၏။-
2-3. ``သင်နှင့်အာရုန်သည်ဣသရေလအမျိုးသားတို့၏သန်းခေါင်စာရင်းကို သားချင်းစုနှင့်မိသားစုအလိုက်ကောက်ယူရမည်။ စစ်မှုထမ်းနိုင်သူအသက်နှစ်ဆယ်နှင့်အထက်အရွယ်ရှိ အမျိုးသားအားလုံး၏နာမည်စာရင်းကိုကောက်ယူလော့။-
4. အနွယ်တစ်နွယ်စီမှသားချင်းစုအကြီးအကဲတစ်ဦးကို သင်တို့အားကူညီစေလော့'' ဟုမိန့်တော်မူ၏။-
17. မောရှေနှင့်အာရုန်တို့သည် ထိုအမျိုးသားခေါင်းဆောင်တို့၏အကူအညီဖြင့်၊-
18-19. ဒုတိယလ၊ ပထမနေ့ရက်တွင်ဣသရေလအမျိုးသားအားလုံးကိုစုရုံးလာစေ၍ သားချင်းစုနှင့်မိသားစုအလိုက်စာရင်းကောက်ယူလေသည်။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်းအသက်နှစ်ဆယ်နှင့်အထက်အရွယ်ရှိသောအမျိုးသားအားလုံးတို့ကို စာရင်းကောက်၍မှတ်တမ်းတင်လေသည်။ မောရှေသည်သိနာတောကန္တာရထဲတွင်လူများကိုစာရင်းကောက်ယူခဲ့၏။-
47. လူဦးရေစာရင်းကောက်ယူရာတွင် လေဝိအနွယ်ဝင်တို့ကိုစာရင်းမကောက်ခဲ့ချေ။-
48-49. အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် မောရှေအား``သင်သည်စစ်မှုမထမ်းနိုင်သူဦးရေစာရင်းကိုမကောက်နှင့်။-