ဒုတိယလ၊ ပထမနေ့ရက်တွင်ဣသရေလအမျိုးသားအားလုံးကိုစုရုံးလာစေ၍ သားချင်းစုနှင့်မိသားစုအလိုက်စာရင်းကောက်ယူလေသည်။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်းအသက်နှစ်ဆယ်နှင့်အထက်အရွယ်ရှိသောအမျိုးသားအားလုံးတို့ကို စာရင်းကောက်၍မှတ်တမ်းတင်လေသည်။ မောရှေသည်သိနာတောကန္တာရထဲတွင်လူများကိုစာရင်းကောက်ယူခဲ့၏။-