ဇာ​ခ​ရိ 10:7-12 Common Language Bible (BCL)

7. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​စစ်​သည်​သူ​ရဲ များ​ကဲ့​သို့ကြံ့​ခိုင်​လျက်​စ​ပျစ်​ရည်​သောက်​သူ​များ​ကဲ့​သို့ ပျော်​ရွှင်​လျက်​နေ​လိမ့်​မည်။သူ​တို့​၏​သား​မြေး​များ​သည်​ဤ​အောင်​ပွဲ​ကို ပြန်​လည်​သ​တိ​ရ​ကာထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​ခဲ့​သည့်​အ​မှု တော်​အ​တွက် ဝမ်း​မြောက်​ကြ​လိမ့်​မည်။

8. ``ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​ကို​ခေါ်​ယူ စု​ရုံး​မည်။လူ​တို့​ကို​ကယ်​တင်​၍​ရှေး​က​နည်း​တူ ဦး​ရေ​တိုး​တက်​များ​ပြား​စေ​မည်။

9. ငါ​သည်​သူ​တို့​အား​လူ​မျိုး​တ​ကာ​တို့​ထံ​သို့ ပျံ့​လွင့်​စေ​ခဲ့​သော်​လည်း၊ထို​ဝေး​လံ​ရာ​အ​ရပ်​များ​မှ​သူ​တို့​သည်​ငါ့​ကို အောက်​မေ့​သ​တိ​ရ​ကြ​လိမ့်​မည်။သူ​တို့​နှင့်​သူ​တို့​သား​သ​မီး​များ​သည် အ​သက်​မ​သေ​ဘဲ ကျန်​ရစ်​ကာ​မိ​မိ​တို့​ပြည်​သို့​ပြန်​လာ​ကြ လိမ့်​မည်။

10. ငါ​သည်​သူ​တို့​အား​အီ​ဂျစ်​ပြည်​နှင့်​အာ​ရှု​ရိ ပြည်​မှပြန်​လည်​ခေါ်​ဆောင်​ကာ၊မိ​မိ​တို့​နေ​ရင်း​ပြည်​တွင် နေ​ရာ​ချ​ထား​မည်။သူ​တို့​အား​ဂိ​လဒ်​ပြည်​နှင့်​လေ​ဗ​နုန်​ပြည်​တွင် လည်း ငါ​နေ​ရာ​ချ​ထား​မည်။သို့​ဖြစ်​၍​လူ​တို့​နေ​စ​ရာ​မြေ​မ​လောက် နိုင်​အောင် ရှိ​လိမ့်​မည်။

11. သူ​တို့​သည်​ဘေး​အ​န္တရာယ်​ရှိ​သော​ပင်​လယ်​ကိုဖြတ်​၍​သွား​ရကြ​သော​အ​ခါ​ငါ​သည် လှိုင်း​တံ​ပိုး​များ​ကို​ဆုံး​မ​မည်။နိုင်း​မြစ်​မှ​ရေ​နက်​ရာ​အ​ရပ်​တို့​သည်​လည်း ခန်း​ခြောက်​၍​သွား​လိမ့်​မည်။အာ​ရှု​ရိ​ပြည်​၏​မာန်​မာ​န​ကို​ငါ​ချိုး​နှိမ် မည်။စွမ်း​အင်​ကြီး​မား​သည့်​အီ​ဂျစ်​ပြည်​သည်​လည်း တန်​ခိုး​အာ​ဏာ​မှေး​မှိန်​၍​သွား​လိမ့်​မည်။

12. ငါ​သည်​မိ​မိ​လူ​မျိုး​တော်​အား​ကြံ့​ခိုင်​စေ​မည်။သူ​တို့​သည်​ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​လျက် ငါ​၏​စ​ကား​ကို​နား​ထောင်​ကြ​လိမ့်​မည်''ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​မိန့်​မြွက်​တော်​မူ​သည့် စ​ကား​ဖြစ်​၏။

ဇာ​ခ​ရိ 10