1. နွေဦးပေါက်သောအခါမိုးရွာစေရန်ထာဝရ ဘုရားအား လျှောက်ထားတောင်းခံကြလော့။ မိုး တိမ်များကိုစေလွှတ်ကာမိုးရွာစေ၍လူခပ် သိမ်းတို့အတွက် လယ်ပြင်များကိုစိမ်းလန်း စေတော်မူသောအရှင်ကားထာဝရဘုရား ပေတည်း။-
2. လူတို့သည်နတ်ရုပ်များ၊ ရုပ်တုများ၊ ဗေဒင် ဆရာများကိုမေးမြန်းစုံစမ်းကြ၏။ သို့ ရာတွင်သူတို့ရရှိသည့်အဖြေများမှာ အနက်အဋ္ဌိပ္ပါယ်ကင်းမဲ့သည့်မုသားစကား များဖြစ်၏။ အချို့သောသူတို့သည်အိပ်မက် များကိုအနက်ဖွင့်ကြ၏။ သို့ရာတွင်သူတို့ သည်သင်တို့အားလမ်းမှားသို့သာလျှင် ပို့ဆောင်ပေးတတ်၏။ သူတို့အထဲမှရရှိ သည့်နှစ်သိမ့်မှုမှာလည်းအချည်းနှီးသာ လျှင်ဖြစ်ပေသည်။ ထို့ကြောင့်လူတို့သည် လမ်းလွဲသည့်သိုးများကဲ့သို့လှည့်လည် သွားလာလျက်နေရကြ၏။ ဦးစီးခေါင်း ဆောင်မရှိသဖြင့် ဒုက္ခရောက်လျက်ရှိ ကြ၏။
3. ထာဝရဘုရားက``ငါသည်မိမိလူမျိုး တော်ကိုအုပ်စိုးသည့်မင်းတို့အား အမျက် ထွက်သဖြင့်အပြစ်ဒဏ်ခတ်မည်။ ယုဒ ပြည်သားတို့သည်ငါ၏လူမျိုးတော်ဖြစ် သဖြင့် အနန္တတန်ခိုးရှင်ငါထာဝရဘုရား သည်သူတို့ကိုစောင့်ထိန်းကြည့်ရှုမည်။ သူ တို့သည်ငါ၏အင်အားကြီးမားသည့်စစ် မြင်းများဖြစ်ကြလိမ့်မည်။-
4. သူတို့အထဲမှမင်းများ၊ ခေါင်းဆောင်များ၊ တပ်မှူးများအစရှိသည်တို့ပေါ်ထွန်း လာမည်။-
5. ယုဒပြည်သားတို့သည်လမ်းများပေါ်ရှိ ရွှံ့နွံထဲတွင် ရန်သူများကိုကျော်နင်းပစ် ကြသည့်စစ်သည်တော်များကဲ့သို့အောင်ပွဲ ခံရကြလိမ့်မည်။ ထာဝရဘုရားသည်သူတို့ နှင့်အတူရှိတော်မူသဖြင့် သူတို့သည်ရန် သူမြင်းစီးသူရဲများကိုပင်လျှင်တိုက် ခိုက်နှိမ်နင်းကြလိမ့်မည်။
6. ``ငါသည်ယုဒပြည်သားတို့ကိုကြံ့ခိုင် စေ၍ ဣသရေလပြည်သားတို့ကိုကယ်တင်မည်။ငါသည်သူတို့အားကရုဏာထား၍၊မိမိ တို့ နေရင်းဌာနေသို့ပြန်လည်ခေါ်ဆောင်လာ မည်။သူတို့သည်ငါ၏ပစ်ပယ်မှုကိုအဘယ် အခါ၌မျှ မခံရဘူးသူများကဲ့သို့ဖြစ်လိမ့်မည်။ငါသည်သူတို့၏ဘုရားသခင်ထာဝရ ဘုရားဖြစ်၍ သူတို့၏ဆုတောင်းပတ္ထနာများကိုနားညောင်းမည်။
7. ဣသရေလအမျိုးသားတို့သည်စစ်သည်သူရဲ များကဲ့သို့ကြံ့ခိုင်လျက်စပျစ်ရည်သောက်သူများကဲ့သို့ ပျော်ရွှင်လျက်နေလိမ့်မည်။သူတို့၏သားမြေးများသည်ဤအောင်ပွဲကို ပြန်လည်သတိရကာထာဝရဘုရားပြုတော်မူခဲ့သည့်အမှု တော်အတွက် ဝမ်းမြောက်ကြလိမ့်မည်။
8. ``ငါသည်မိမိ၏လူမျိုးတော်ကိုခေါ်ယူ စုရုံးမည်။လူတို့ကိုကယ်တင်၍ရှေးကနည်းတူ ဦးရေတိုးတက်များပြားစေမည်။
9. ငါသည်သူတို့အားလူမျိုးတကာတို့ထံသို့ ပျံ့လွင့်စေခဲ့သော်လည်း၊ထိုဝေးလံရာအရပ်များမှသူတို့သည်ငါ့ကို အောက်မေ့သတိရကြလိမ့်မည်။သူတို့နှင့်သူတို့သားသမီးများသည် အသက်မသေဘဲ ကျန်ရစ်ကာမိမိတို့ပြည်သို့ပြန်လာကြ လိမ့်မည်။
10. ငါသည်သူတို့အားအီဂျစ်ပြည်နှင့်အာရှုရိ ပြည်မှပြန်လည်ခေါ်ဆောင်ကာ၊မိမိတို့နေရင်းပြည်တွင် နေရာချထားမည်။သူတို့အားဂိလဒ်ပြည်နှင့်လေဗနုန်ပြည်တွင် လည်း ငါနေရာချထားမည်။သို့ဖြစ်၍လူတို့နေစရာမြေမလောက် နိုင်အောင် ရှိလိမ့်မည်။
11. သူတို့သည်ဘေးအန္တရာယ်ရှိသောပင်လယ်ကိုဖြတ်၍သွားရကြသောအခါငါသည် လှိုင်းတံပိုးများကိုဆုံးမမည်။နိုင်းမြစ်မှရေနက်ရာအရပ်တို့သည်လည်း ခန်းခြောက်၍သွားလိမ့်မည်။အာရှုရိပြည်၏မာန်မာနကိုငါချိုးနှိမ် မည်။စွမ်းအင်ကြီးမားသည့်အီဂျစ်ပြည်သည်လည်း တန်ခိုးအာဏာမှေးမှိန်၍သွားလိမ့်မည်။
12. ငါသည်မိမိလူမျိုးတော်အားကြံ့ခိုင်စေမည်။သူတို့သည်ငါ့အားဝတ်ပြုကိုးကွယ်လျက် ငါ၏စကားကိုနားထောင်ကြလိမ့်မည်''ဤကားထာဝရဘုရားမိန့်မြွက်တော်မူသည့် စကားဖြစ်၏။