1. အို ဘုရားရှင်၊ကိုယ်တော်ရှင်သည်ကာလအစဉ်အဆက် ကျွန်တော်မျိုးတို့၏ခိုလှုံရာဖြစ်တော်မူပါ၏။
2. တောင်များကိုဖြစ်ပေါ်စေတော်မမူမီနှင့် ကမ္ဘာလောကကိုဖန်ဆင်းတော်မမူမီကိုယ်တော်ရှင်သည်အစမရှိသောဘုရားသခင် ဖြစ်တော်မူပါ၏။အဆုံးမရှိသောဘုရားသခင်လည်းဖြစ်တော် မူပါ၏။
3. ကိုယ်တော်ရှင်သည်အမိန့်ပေး၍လူသားတို့အားမြေမှုန့်အဖြစ်သို့ပြန်လည်ပြောင်းလဲစေတော် မူပါ၏။