ဆာ​လံ 69:7-17 Common Language Bible (BCL)

7. ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​အ​တွက်စော်​ကား​ခြင်း​ကို​ခံ​ရ​ပါ​၏။ အ​လွန်​အ​ရှက်​ကွဲ​ရ​ပါ​၏။

8. ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​ညီ​အစ်​ကို​တို့​တွင် သူ​စိမ်း​တစ်​ရံ​ဆံ​ကဲ့​သို့​လည်း​ကောင်း၊မိ​သား​စု​တွင်​လည်း​တစ်​ကျွန်း​တစ်​နိုင်​ငံ​သား ကဲ့​သို့​လည်း​ကောင်း​ဖြစ်​၍​နေ​ပါ​၏။

9. ကိုယ်​တော်​ရှင်​၏​ဗိ​မာန်​တော်​ကို​စွဲ​လမ်း​မှု​သည်ကျွန်​တော်​မျိုး​၏​စိတ်​အ​တွင်း​၌​မီး​ကဲ့​သို့ ဟုန်း​ဟုန်း​တောက်​လောင်​လျက်​ရှိ​ပါ​၏။ကိုယ်​တော်​ရှင်​အား​စော်​ကား​ပြော​ဆို​သောစ​ကား​များ​သည်​ကျွန်​တော်​မျိုး​အား​စော်​ကား ပြော​ဆို​သော​စ​ကား​များ​ဖြစ်​ပါ​၏။

10. ကျွန်​တော်​မျိုး​သည်​အ​စာ​ရှောင်​ခြင်း​အား​ဖြင့်မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​သော​အ​ခါ​လူ​တို့​သည် ကျွန်​တော်​မျိုး​အား​စော်​ကား​ကြ​ပါ​၏။

11. ကျွန်​တော်​မျိုး​သည်​လျှော်​တေ​ကို​ဝတ်​သော အ​ခါ သူ​တို့​သည်​ပြောင်​လှောင်​ကြ​ပါ​၏။

12. သူ​တို့​သည်​လမ်း​များ​တွင်​ကျွန်​တော်​မျိုး​အ​ကြောင်း​ကို ပြော​ဆို​ကြ​ပါ​၏။သေ​သောက်​ကြူး​သူ​တို့​သည်​ကျွန်​တော်​မျိုး အ​ကြောင်း​ကို​တေး​ဖွဲ့​၍​ဆို​ကြ​ပါ​၏။

13. သို့​ရာ​တွင်​ကျွန်​တော်​မျိုး​အ​ဖို့​မှာ​မူ အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​မည်။ကိုယ်​တော်​ရှင်​၏​မ​ဟာ​မေတ္တာ​တော်​ကို ထောက်​၍​လည်း​ကောင်း၊ကယ်​တော်​မူ​မည်​ဟု​ကိုယ်​တော်​ရှင်​ထား​တော်​မူ​သည့် က​တိ​တော်​ကို​ထောက်​၍​လည်း​ကောင်းတောင်း​လျှောက်​ထား​ချက်​ကို​နား​ညောင်း​တော်​မူ​ပါ။အို ဘု​ရား​သ​ခင်၊အ​လို​တော်​ရှိ​ချိန်​၌​ကျွန်​တော်​မျိုး​၏ ဆု​တောင်း​ပတ္ထနာ​ကို​ဖြေ​ကြား​တော်​မူ​ပါ။

14. ရွှံ့​နွံ​တွင်​မ​ကျွံ​မ​နစ်​စေ​ရန်​ကျွန်​တော်​မျိုး​အား ကယ်​တော်​မူ​ပါ။ရန်​သူ​များ​၏​ဘေး​မှ​လည်း​ကောင်း၊ ရေ​နက်​ရာ​မှ​လည်း​ကောင်း​ကယ်​ဆယ်​တော်​မူ​ပါ။

15. ကျွန်​တော်​မျိုး​အား​ရေ​လွှမ်း​မိုး​စေ​တော်​မ​မူ​ပါ​နှင့်။ရေ​နက်​ရာ​တွင်​နစ်​မြုပ်​စေ​တော်​မ​မူ​ပါ​နှင့်။သင်္ချိုင်း​တွင်း​သို့​သက်​ဆင်း​စေ​တော်​မ​မူ ပါ​နှင့်။

16. အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည်ကောင်း​မြတ်​သည်​ဖြစ်​၍​ကျွန်​တော်​မျိုး​၏ ပန်​ကြား​ခြင်း​ကို​နား​ညောင်း​တော်​မူ​ပါ။ကိုယ်​တော်​ရှင်​သည်​လွန်​စွာ​သ​နား​ကြင်​နာ တော်​မူ​တတ်​သည်​ဖြစ်​၍ကျွန်​တော်​မျိုး​အား​လှည့်​၍​ကြည့်​တော်​မူ​ပါ။

17. ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​အား​မျက်​နှာ​တော်​ကို လွှဲ​တော်​မ​မူ​ပါ​နှင့်။ကျွန်​တော်​မျိုး​သည်​အ​တိ​ဒုက္ခ​ရောက်​လျက် ရှိ​ပါ​၏။ကျွန်​တော်​မျိုး​၏​ပန်​ကြား​ချက်​ကို​ယ​ခု​ပင် နား​ညောင်း​တော်​မူ​ပါ။

ဆာ​လံ 69