34. ကောင်းကင်နှင့်မြေကြီး၊ပင်လယ်နှင့်ပင်လယ်ရှိ သတ္တဝါအပေါင်းတို့၊ဘုရားသခင်အားထောမနာပြုကြလော့။
35. ကိုယ်တော်သည်ဇိအုန်တောင်ကိုကယ်ဆယ်တော် မူ၍ ယုဒမြို့တို့ကိုပြန်၍တည်တော်မူလိမ့်မည်။ကိုယ်တော်၏လူစုတော်သည်ထိုမြို့များတွင်နေထိုင်ကြလျက်တိုင်းပြည်ကိုပိုင်ဆိုင်ကြ လိမ့်မည်။
36. ကိုယ်တော့်အစေခံများ၏သားမြေးတို့သည် တိုင်းပြည်ကိုအမွေခံရလိမ့်မည်။ကိုယ်တော်အားချစ်သောသူတို့သည်ထိုပြည်တွင် နေထိုင်ကြရလိမ့်မည်။