ဆာ​လံ 69:21-28 Common Language Bible (BCL)

21. ကျွန်​တော်​မျိုး​ဆာ​လောင်​မွတ်​သိပ်​သော​အ​ခါ ရန်​သူ​တို့​သည်​အ​ဆိပ်​ကို​ကျွေး​ကြ​ပါ​၏။ရေ​ငတ်​သော​အ​ခါ​ပုန်း​ရည်​ကို​တိုက်​ကြ ပါ​၏။

22. သူ​တို့​၏​စား​သောက်​ပွဲ​များ​သည်​သူ​တို့ ပျက်​စီး​ရာ​ပျက်​စီး​ကြောင်း​ဖြစ်​ပါ​စေ​သော။သူ​တို့​ကျင်း​ပ​သည့်​ဋ္ဌမ္မ​ပွဲ​များ​သည်​လည်း သူ​တို့​ပြို​လဲ​ကြောင်း​ဖြစ်​ပါ​စေ​သော။

23. သူ​တို့​သည်​မ​မြင်​နိုင်​ကြ​စေ​ရန်​သူ​တို့​၏ မျက်​စိ​ကို ကွယ်​စေ​တော်​မူ​ပါ။သူ​တို့​၏​ခါး​များ​ကို​လည်း​အ​စဉ်​အ​မြဲ ချိ​နဲ့​စေ​တော်​မူ​ပါ။

24. ကိုယ်​တော်​ရှင်​၏​အ​မျက်​တော်​ကို​သူ​တို့ အပေါ်​သို့သွန်း​လောင်း​တော်​မူ​၍​အ​မျက်​တော်​အ​ဟုန်​သည် သူ​တို့​အား​မီ​စေ​တော်​မူ​ပါ။

25. သူ​တို့​၏​တဲ​စ​ခန်း​များ​သည်​လူ​သူ​ဆိတ်​ညံ​ရာ အ​ရပ်​များ​အ​ဖြစ်​ဖြင့်​ကျန်​ရစ်​ပါ​စေ​သော။သူ​တို့​၏​တဲ​များ​အ​တွင်း​၌​လူ​တစ်​ဦး​တစ်​ယောက် မျှ အ​သက်​ရှင်​လျက်​ကျန်​ရစ်​စေ​တော်​မ​မူ​ပါ နှင့်။

26. ထို​သူ​တို့​သည်​ကိုယ်​တော်​ရှင်​ဒဏ်​ခတ်​ခဲ့​သော​သူ တို့​ကို နှိပ်​စက်​ညှဉ်း​ဆဲ​ကြ​ပါ​၏။ကိုယ်​တော်​ရှင်​ထိ​ခိုက်​ဒဏ်​ရာ​ရ​စေ​ခဲ့​သော သူ​တို့ ခံ​ရ​သည့်​ဝေ​ဒ​နာ​အ​ကြောင်း​ကို​ပြော​ဆို ကြ​ပါ​၏။

27. သူ​တို့​၏​အ​ပြစ်​ရှိ​သ​မျှ​ကို​စာ​ရင်း​ပြု​၍ မှတ်​သား​ထား​တော်​မူ​ပါ။ကိုယ်​တော်​ရှင်​၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​တော် ကို သူ​တို့​အား​ခံ​စား​ခွင့်​ပေး​တော်​မ​မူ​ပါ​နှင့်။

28. သူ​တို့​၏​နာ​မည်​များ​သည်​အ​သက်​ရှင်​သူ​များ စာ​ရင်း​စာ​စောင်​မှ​ပယ်​ဖျက်​ခြင်း​ခံ​ရ​ပါ​စေ​သော။သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​တွင် စာ​ရင်း​မ​ဝင်​သူ​များ​ဖြစ်​ကြ​ပါ​စေ သော။

ဆာ​လံ 69