ဆာ​လံ 69:16-21 Common Language Bible (BCL)

16. အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည်ကောင်း​မြတ်​သည်​ဖြစ်​၍​ကျွန်​တော်​မျိုး​၏ ပန်​ကြား​ခြင်း​ကို​နား​ညောင်း​တော်​မူ​ပါ။ကိုယ်​တော်​ရှင်​သည်​လွန်​စွာ​သ​နား​ကြင်​နာ တော်​မူ​တတ်​သည်​ဖြစ်​၍ကျွန်​တော်​မျိုး​အား​လှည့်​၍​ကြည့်​တော်​မူ​ပါ။

17. ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​အား​မျက်​နှာ​တော်​ကို လွှဲ​တော်​မ​မူ​ပါ​နှင့်။ကျွန်​တော်​မျိုး​သည်​အ​တိ​ဒုက္ခ​ရောက်​လျက် ရှိ​ပါ​၏။ကျွန်​တော်​မျိုး​၏​ပန်​ကြား​ချက်​ကို​ယ​ခု​ပင် နား​ညောင်း​တော်​မူ​ပါ။

18. ကြွ​လာ​တော်​မူ​၍​ကျွန်​တော်​မျိုး​ကို​ကယ်​တော် မူ​ပါ။ရန်​သူ​များ​၏​လက်​မှ​ကယ်​ဆယ်​တော်​မူ​ပါ။

19. ကျွန်​တော်​မျိုး​သည်​အ​ဘယ်​မျှ​အ​စော်​ကား ခံ​ရ​၍အ​ဘယ်​မျှ​အ​ရှက်​ကွဲ​အ​သ​ရေ​ပျက်​ရ​သည်​ကို ကိုယ်​တော်​ရှင်​သိ​တော်​မူ​ပါ​၏။ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ရန်​သူ အပေါင်း​ကို မြင်​တော်​မူ​ပါ​၏။

20. အ​စော်​ကား​ခံ​ရ​သ​ဖြင့်​ကျွန်​တော်​မျိုး​သည် စိတ်​နှ​လုံး ကြေ​ကွဲ​၍​စိတ်​ပျက်​အား​လျော့​လျက်​နေ​ပါ​၏။ကျွန်​တော်​မျိုး​သည်​ကြင်​နာ​မှု​ကို​တောင့်​တ​သော အ​ခါ သ​နား​မည့်​သူ​ကို​မ​တွေ့​ရ​ပါ။စိတ်​သက်​သာ​မှု​ကို​တောင့်​တ​သော​အ​ခါ စိတ်​သက်​သာ​စေ​မည့်​သူ​မ​ရှိ​ပါ။

21. ကျွန်​တော်​မျိုး​ဆာ​လောင်​မွတ်​သိပ်​သော​အ​ခါ ရန်​သူ​တို့​သည်​အ​ဆိပ်​ကို​ကျွေး​ကြ​ပါ​၏။ရေ​ငတ်​သော​အ​ခါ​ပုန်း​ရည်​ကို​တိုက်​ကြ ပါ​၏။

ဆာ​လံ 69