ဆာ​လံ 56:5-8 Common Language Bible (BCL)

5. ငါ​၏​ရန်​သူ​များ​သည်​ငါ့​ကို​တစ်​နေ့​လုံး စော်​ကား​ပြော​ဆို​ကြ​၏။ငါ့​အား​အ​ကျိုး​နည်း​စေ​ရန်​နည်း​လမ်း​ကို အ​စဉ်​ပင်​ရှာ​ကြံ​လျက်​နေ​ကြ​၏။

6. သူ​တို့​သည်​ပုန်း​ကွယ်​ရာ​အ​ရပ်​များ​တွင် စု​ရုံး​ကာငါ့​ကို​သတ်​ဖြတ်​နိုင်​ရန်​ငါ​ပြု​သ​မျှ​သော အ​မှု​တို့​ကို​ချောင်း​မြောင်း​၍​ကြည့်​ကြ​၏။

7. အို ဘု​ရား​သ​ခင်၊သူ​တို့​ပြု​သော​ဒု​စ​ရိုက်​အ​တွက် အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ပါ။အ​မျက်​တော်​ထွက်​၍​သူ​တို့​အား​နှိမ်​နင်း တော်​မူ​ပါ။

8. ကျွန်​တော်​မျိုး​သည်​အ​တိ​ဒုက္ခ​ရောက်​လျက်​ရှိ သည်​ကိုကိုယ်​တော်​ရှင်​သိ​တော်​မူ​ပါ​၏။ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​မျက်​ရည်​ပေါက် များ​ကို​စာ​ရင်း​ပြု​၍​ထား​တော်​မူ​ပြီ။ကိုယ်​တော်​ရှင်​၏​စာ​စောင်​တွင်​စာ​ရင်း​ပြု​၍​ထား​သည် မ​ဟုတ်​ပါ​လော။

ဆာ​လံ 56