ဆာ​လံ 40:7-17 Common Language Bible (BCL)

7. သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​ပြန်​လျှောက်​ထား​ပါ​၏။``ကျွန်​တော်​မျိုး​အ​သင့်​ရှိ​ပါ​၏။ကျွန်​တော်​မျိုး​အ​တွက်​ကိုယ်​တော်​ရှင်​ပေး​တော် မူ​သော ညွှန်​ကြား​ချက်​များ​သည်​ပ​ညတ်​ကျမ်း​၌​ပါ ရှိ​ပါ​၏။

8. ကျွန်​တော်​မျိုး​၏​ဘု​ရား၊ကျွန်​တော်​မျိုး​သည်ကိုယ်​တော်​ရှင်​၏​အ​လို​တော်​ကို​လိုက်​နာ​ရန် လွန်​စွာ​နှစ်​သက်​ပါ​၏။ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို​စိတ်​နှ​လုံး အ​တွင်း​၌ မှတ်​ကြုံး​ထား​ပါ​၏။''

9. အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ လူ​စု​တော်​ဝင်​အ​ပေါင်း​တို့​စု​ဝေး​ရာ​၌ကျွန်​တော်​မျိုး​တို့​အား​ကိုယ်​တော်​ရှင်ကယ်​တော်​မူ​ကြောင်း​သ​တင်း​ကောင်း​ကို ပြော​ကြား​ပါ​၏။ဤ​အ​ကြောင်း​ကို​ကျွန်​တော်​မျိုး​သည်​အ​စဉ် မ​ပြတ်ပြော​ကြား​နေ​မည်​ဖြစ်​ကြောင်း​ကိုယ်​တော်​ရှင် သိ​တော်​မူ​ပါ​၏။

10. ကျွန်​တော်​မျိုး​သည်​ကယ်​တင်​ခြင်း​သ​တင်း​တော်​ကို မျို​သိပ်​၍​မ​ထား​ပါ။ကိုယ်​တော်​ရှင်​၏​သစ္စာ​တော်​အ​ကြောင်း​နှင့်ကူ​မ​တော်​မူ​ခြင်း​အ​ကြောင်း​တို့​ကို အ​စဉ်​ပင်​ဖော်​ပြ​ခဲ့​ပါ​၏။ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​ဝင်​အ​ပေါင်း​တို့ စု​ဝေး​ရာ​၌ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​သစ္စာ​တော် အ​ကြောင်း​နှင့်ခိုင်​မြဲ​သော​မေတ္တာ​တော်​အ​ကြောင်း​တို့​ကို မ​ထိမ်​မ​ဝှက်​ပါ။

11. အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​အ​စဉ်သ​နား​ကြင်​နာ​တော်​မူ​မည်​ကို​ကျွန်​တော် မျိုး​သိ​ပါ​၏။ကိုယ်​တော်​ရှင်​၏​မေတ္တာ​တော်​နှင့်​သစ္စာ​တော်​သည်ကျွန်​တော်​မျိုး​အား​အ​စဉ်​အ​မြဲ​စောင့်​ထိန်း​ပါ လိမ့်​မည်။

12. ရေ​တွက်​၍​မ​ရ​နိုင်​အောင်​များ​မြောင်​သောဘေး​ဒုက္ခ​တို့​သည်​ကျွန်​တော်​မျိုး​အား​ဝိုင်း​ရံ​လျက် ရှိ​ပါ​သည်​တ​ကား။ကျွန်​တော်​မျိုး​၏​အ​ပြစ်​များ​က​ကျွန်​တော်​မျိုး​အားလိုက်​၍​မီ​သ​ဖြင့်​ကျွန်​တော်​မျိုး​သည် မ​မြင်​နိုင်​တော့​ပါ။ယင်း​အ​ပြစ်​တို့​သည်​ကျွန်​တော်​မျိုး​ဦး​ခေါင်း​မှ ဆံ​ပင်​ထက်​များ​ပြား​သည်​ဖြစ်​၍ကျွန်​တော်​မျိုး​သည်​စိတ်​ပျက်​အား​လျော့​ပါ​ပြီ။

13. အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။ ယ​ခု​ပင်​ကူ​မ​တော်​မူ​ပါ။

14. ကျွန်​တော်​မျိုး​အား​သတ်​ရန်​ကြိုး​စား​ကြ​သူ တို့​သည်လုံး​ဝ​အ​ရေး​ရှုံး​နိမ့်​၍​က​စဥ့်​က​ရဲ​ဖြစ်​ကြ ပါ​စေ​သော။ကျွန်​တော်​မျိုး​၏​ဒုက္ခ​များ​ကို​အ​ကြောင်း​ပြု​၍ဝမ်း​မြောက်​ကြ​သူ​တို့​သည်​တပ်​လန်​၍ အ​ရှက်​ကွဲ​ရ​ကြ​ပါ​စေ​သော။

15. ကွန်​တော်​မျိုး​အား​ပြောင်​လှောင်​ကြ​သူ​တို့​သည်အ​ရေး​ရှုံး​နိမ့်​၍​တုန်​လှုပ်​ချောက်​ချား​ကြ​ပါ​စေ သော။

16. ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​သူအ​ပေါင်း​တို့​သည်​ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ပါ​စေ​သော။ကိုယ်​တော်​ရှင်​၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​အ​တွက်ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​သူ​အ​ပေါင်း​တို့ သည်``ထာ​ဝ​ရ​ဘု​ရား​သည်​အ​လွန်​ကြီး​မြတ်​တော်​မူ ပါ​ပေ​သည်'' ဟုအ​စဉ်​မ​ပြတ်​ချီး​ကူး​နိုင်​ကြ​ပါ​စေ​သော။

17. အို ဘု​ရား​ရှင်၊ကျွန်​တော်​မျိုး​သည်​အား​အင်​ချိ​နဲ့​၍ ခို​ကိုး​ရာ​မဲ့​သူ​ဖြစ်​သော်​လည်းကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ကို သ​တိ​ရ​တော်​မူ​ပါ​၏။ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ကယ်​တင်​ရှင်၊ ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ပါ​၏။ကျွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ရန်​အ​လျင် အ​မြန် ကြွ​တော်​မူ​ပါ။

ဆာ​လံ 40