1. ဇိအုန်မြို့ကိုသတိရသောအခါငါတို့သည်ဗာဗုလုံပြည်မြစ်ချောင်းများ အနီးတွင်ထိုင်၍ငိုကြွေးကြ၏။
2. အနီးအနားရှိမိုးမခပင်များတွင်ငါတို့၏ စောင်းများကိုချိတ်ဆွဲထားကြ၏။
3. ငါတို့ကိုဖမ်းသွားကြသူများက``ငါတို့အားဖျော်ဖြေရန်ဇိအုန်မြို့အကြောင်း သီချင်းဆိုပြပါ'' ဟုငါတို့အားခိုင်းကြ၏။