ဆာ​လံ 135:6-9 Common Language Bible (BCL)

6. ကိုယ်​တော်​သည်​ကောင်း​ကင်​နှင့်​ကမ္ဘာ မြေ​ကြီး​ပေါ်​၌​လည်း​ကောင်း၊ပင်​လယ်​နှင့်​ပင်​လယ်​အောက်​နက်​ရှိုင်း​ရာ အ​ရပ်​တို့​၌​လည်း​ကောင်းအ​လို​တော်​အ​ရ​ခပ်​သိမ်း​သော​အ​မှု​တို့​ကို ပြု​တော်​မူ​၏။

7. ကမ္ဘာ​မြေ​ကြီး​စွန်း​မှ​မိုး​တိမ်​တို့​ကို​တက်​စေ တော်​မူ​၍မိုး​သက်​မုန်​တိုင်း​များ​အ​တွက်​လျှပ်​စစ်​လျှပ် နွယ်​တို့​ကို ဖန်​ဆင်း​တော်​မူ​၏။လေ​ကို​လည်း​မိ​မိ​၏​လှောင်​တိုက်​တော်​ထဲ​က ထုတ်​ဆောင်​လာ​တော်​မူ​၏။

8. အီ​ဂျစ်​ပြည်​တွင်​လူ​နှင့်​တိ​ရစ္ဆာန်​သား​ဦး​ရှိ သ​မျှ​ကို သေ​ဒဏ်​ခတ်​တော်​မူ​၏။

9. ထို​ပြည်​တွင်​ဖာ​ရော​ဘု​ရင်​နှင့်သူ​၏​အ​မှု​ထမ်း​အ​ပေါင်း​တို့​ကို​ဒဏ်​ခတ်​တော် မူ​ရန်ကိုယ်​တော်​သည်​ထူး​ဆန်း​သော​နိ​မိတ်​လက္ခ​ဏာ များ​နှင့် အံ့​သြ​ဖွယ်​အ​မှု​တို့​ကို​ပြု​တော်​မူ​၏။

ဆာ​လံ 135