16. ထိုရုပ်တုတို့သည်နှုတ်များရှိပါလျက် စကားမပြောနိုင်၊မျက်စိများရှိပါလျက်မမြင်နိုင်။
17. သူတို့သည်နားများရှိပါလျက်မကြားနိုင်။သူတို့၏ခံတွင်း၌လည်းထွက်သက်ဝင်သက်မရှိ။
18. ရုပ်တုများကိုပြုလုပ်သူတို့နှင့်ရုပ်တုကိုကိုးစားသူအပေါင်းတို့သည်မိမိတို့ပြု လုပ်သည့် ရုပ်တုများကဲ့သို့ဖြစ်ကြပါစေသော။
19. အို ဣသရေလအမျိုးသားတို့၊ထာဝရ ဘုရားအား ထောမနာပြုကြလော့။ဘုရားသခင်၏ယဇ်ပုရောဟိတ်တို့၊ကိုယ်တော် အား ထောမနာပြုကြလော့။
20. လေဝိအနွယ်ဝင်တို့၊ထာဝရဘုရားအား ထောမနာပြုကြလော့။ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသူအပေါင်းတို့၊ ကိုယ်တော်အားထောမနာပြုကြလော့။