ဆာ​လံ 135:10-20 Common Language Bible (BCL)

10. များ​စွာ​သော​တိုင်း​နိုင်​ငံ​တို့​ကိုပြို​ပျက်​စေ​တော်​မူ​၍​ဘုန်း​ကြီး​သော ဘု​ရင်​တို့​ကို​ကွပ်​မျက်​တော်​မူ​၏။

11. အာ​မော​ရိ​ဘု​ရင်​ရှိ​ဟုန်​မင်း၊ဗာ​ရှန်​ဘု​ရင်သြ​ဃ​မင်း​နှင့်​ခါ​နာန်​နိုင်​ငံ​မှ​ဘု​ရင်​အ​ပေါင်း တို့​ကို ကွပ်​မျက်​တော်​မူ​၏။

12. သူ​တို့​၏​နယ်​မြေ​များ​ကို​မိ​မိ​၏​လူ​စု​တော်​အား ပေး​တော်​မူ​၏။ထို​နယ်​မြေ​များ​ကို​ဣသ​ရေ​လ​အ​မျိုး​သား တို့​အား ပေး​တော်​မူ​၏။

13. အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​ကိုလူ​တို့​သည်​အ​ခါ​ခပ်​သိမ်း​ကြား​သိ​ကြ​ပါ လိမ့်​မည်။ကိုယ်​တော်​၏​နာ​မ​တော်​သည်​ကာ​လ​အ​စဉ် အ​ဆက် ကျော်​ကြား​ပါ​လိမ့်​မည်။

14. ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု​တော်​အား ကွယ်​ကာ​တော်​မူ​လိမ့်​မည်။မိ​မိ​၏​အ​စေ​ခံ​တို့​အား​က​ရု​ဏာ ထား​တော်​မူ​လိမ့်​မည်။

15. လူ​မျိုး​တ​ကာ​တို့​ကိုး​ကွယ်​ကြ​သည့်​ရုပ်​တု များ​သည် ရွှေ​ငွေ​ဖြင့်​ပြီး​ကြ​၏။ယင်း​တို့​သည်​လူ​တို့​လက်​ဖြင့်​ပြု​လုပ်​သော အ​ရာ​များ​ဖြစ်​ပေ​သည်။

16. ထို​ရုပ်​တု​တို့​သည်​နှုတ်​များ​ရှိ​ပါ​လျက် စ​ကား​မပြော​နိုင်၊မျက်​စိ​များ​ရှိ​ပါ​လျက်​မ​မြင်​နိုင်။

17. သူ​တို့​သည်​နား​များ​ရှိ​ပါ​လျက်​မ​ကြား​နိုင်။သူ​တို့​၏​ခံ​တွင်း​၌​လည်း​ထွက်​သက်​ဝင်​သက်​မ​ရှိ။

18. ရုပ်​တု​များ​ကို​ပြု​လုပ်​သူ​တို့​နှင့်​ရုပ်​တု​ကိုကိုး​စား​သူ​အ​ပေါင်း​တို့​သည်​မိ​မိ​တို့​ပြု လုပ်​သည့် ရုပ်​တု​များ​ကဲ့​သို့​ဖြစ်​ကြ​ပါ​စေ​သော။

19. အို ဣသ​ရေ​လ​အ​မျိုး​သား​တို့၊ထာ​ဝ​ရ ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လော့။ဘု​ရား​သ​ခင်​၏​ယဇ်​ပု​ရော​ဟိတ်​တို့၊ကိုယ်​တော် အား ထော​မ​နာ​ပြု​ကြ​လော့။

20. လေ​ဝိ​အ​နွယ်​ဝင်​တို့၊ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လော့။ကိုယ်​တော်​ကို​ကြောက်​ရွံ့​ရို​သေ​သူ​အပေါင်း​တို့၊ ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​လော့။

ဆာ​လံ 135