ဆာ​လံ 128:1-3 Common Language Bible (BCL)

1. ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​၍ကိုယ်​တော်​၏​နည်း​လမ်း​တော်​များ​နှင့်​အ​ညီ ကျင့်​ကြံ​ပြု​မူ​သူ​များ​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။

2. သင်​သည်​မိ​မိ​လက်​ဖြင့်​လုပ်​ဆောင်​၍​စား​ဝတ် နေ​ရေး ဖူ​လုံ​အောင်​ရ​ရှိ​လိမ့်​မည်။သင်​သည်​ရွှင်​လန်း​၍​ကောင်း​စား​လိမ့်​မည်။

3. အိမ်​တွင်း​၌​သင်​၏​ဇ​နီး​သည်​အ​သီး​နှင့်​ပြည့်​သော စ​ပျစ်​ပင်​ကဲ့​သို့​လည်း​ကောင်း၊စား​ပွဲ​ပတ်​လည်​ရှိ​သင်​၏​သား​များ​သည်​လည်းစိုက်​ပျိုး​ထား​သော​သံ​လွင်​ပင်​ပျို​များ ကဲ့​သို့​လည်း​ကောင်း​ဖြစ်​လိမ့်​မည်။

ဆာ​လံ 128