ဆာ​လံ 104:6-17 Common Language Bible (BCL)

6. ထို​နောက်​ကမ္ဘာ​မြေ​ကြီး​ကို​သ​မုဒ္ဒ​ရာ​ဖြင့် ဝတ်​လုံ​သ​ဖွယ်​ဖုံး​လွှမ်း​တော်​မူ​ပါ​၏။ရေ​သည်​လည်း​တောင်​များ​ကို​လွှမ်း​မိုး​ပါ​၏။

7. ကိုယ်​တော်​ရှင်​ဆုံး​မ​တော်​မူ​လိုက်​သော​အ​ခါ ရေ​တို့​သည်​ပြေး​သွား​ကြ​ပါ​၏။ရေ​တို့​သည်​ကိုယ်​တော်​ရှင်​၏​မိုး​ချုန်း​သံ​ကို ကြား​သော​အ​ခါ​လျင်​မြန်​စွာ​စီး​ဆင်း​သွား ကြ​ပါ​၏။

8. ရေ​တို့​သည်​တောင်​များ​ပေါ်​မှ ချိုင့်​ဝှမ်း​များ​သို့​လည်း​ကောင်း၊ကိုယ်​တော်​ရှင်​သူ​တို့​အ​တွက်​ပြင်​ဆင်​သတ်​မှတ် ထား​သည့်​အ​ရပ်​သို့​လည်း​ကောင်း​စီး​သွား ကြ​ပါ​၏။

9. ကမ္ဘာ​မြေ​ကြီး​ကို​နောက်​တစ်​ဖန်​ရေ​မ​လွှမ်း​မိုး​စေ​ရန်ကိုယ်​တော်​ရှင်​သည်​ရေ​တို့​ကူး​ကျော်​၍​မ​ရ​နိုင်​သည့် နယ်​နိ​မိတ်​ကို​သတ်​မှတ်​ပေး​တော်​မူ​ပါ​၏။

10. ကိုယ်​တော်​ရှင်​သည်​ချိုင့်​ဝှမ်း​များ​တွင်​စမ်း​ချောင်း တို့​ကိုပေါ်​ပေါက်​စေ​တော်​မူ​၍​တော​များ​အ​ကြား​တွင် မြစ်​များ​စီး​ဆင်း​စေ​တော်​မူ​ပါ​၏။

11. ထို​မြစ်​များ​သည်​တော​တိ​ရစ္ဆာန်​တို့​အား သောက်​ရေ​ကို​ပေး​ပါ​၏။မြည်း​ရိုင်း​တို့​ကို​လည်း​ရေ​ငတ်​ပြေ​စေ ပါ​၏။

12. အ​နီး​အ​နား​ရှိ​သစ်​ပင်​များ​ပေါ်​တွင်​ငှက် တို့​သည် အ​သိုက်​လုပ်​လျက်​သာ​ယာ​စွာ​အော်​မြည် ကြ​ပါ​၏။

13. ကိုယ်​တော်​ရှင်​သည်​ကောင်း​ကင်​မှ​တောင်​များ ပေါ်​သို့ မိုး​ရွာ​ကျ​စေ​တော်​မူ​သ​ဖြင့်ကမ္ဘာ​မြေ​ကြီး​သည်​ကိုယ်​တော်​ရှင်​၏​ကောင်း​ချီး မင်္ဂ​လာ​များ​ကို​ပြည့်​ဝ​စွာ​ခံ​စား​ရ​ပါ​၏။

14. ကိုယ်​တော်​သည်​တော​တိ​ရစ္ဆာန်​များ​စား​ဖို့ မြက်​များ​ကို​လည်း​ကောင်း၊လူ​တို့​သုံး​ဖို့​ကောက်​ပင်​များ​ကို​လည်း ကောင်း ပေါက်​စေ​တော်​မူ​ပါ​၏။သို့​ဖြစ်​၍​လူ​သည်​သီး​နှံ​ပင်​များ​ကို​စိုက်​ပျိုး နိုင်​လျက်

15. မိ​မိ​အား​စိတ်​ကို​ပျော်​ရွှင်​စေ​ရန် စ​ပျစ်​ရည်​ကို​လည်း​ကောင်း၊လန်း​ဆန်း​စေ​ရန်​သံ​လွင်​ဆီ​ကို​လည်း​ကောင်း၊ခွန်​အား​ဖြစ်​စေ​ရန်​အ​စား​အ​စာ​ကို​လည်း​ကောင်း ရ​ရှိ​နိုင်​ပါ​၏။

16. ထာ​ဝ​ရ​ဘု​ရား​စိုက်​တော်​မူ​သော​ကိုယ်​တော်​၏သစ်​ပင်​များ​ဖြစ်​သည့်​လေ​ဗ​နုန်​တော​မှ အာ​ရဇ်​ပင်​တို့​သည်​မိုး​ရေ​များ​စွာ​ရ​ရှိ​ကြ​ပါ​သည်။

17. ထို​အ​ရပ်​တွင်​ငှက်​တို့​သည်​အ​သိုက်​များ ပြု​လုပ်​ကြ​ပါ​၏။တော​ငန်း​တို့​သည်​ထင်း​ရှူး​ပင်​များ​တွင် အ​သိုက်​များ​ပြု​လုပ်​ကြ​ပါ​၏။

ဆာ​လံ 104