ဆာ​လံ 104:5-8 Common Language Bible (BCL)

5. ကိုယ်​တော်​ရှင်​သည်​ကမ္ဘာ​မြေ​ကြီး​ကိုအ​ဘယ်​အ​ခါ​၌​မျှ​မ​လှုပ်​ရှား​နိုင်​စိမ့် သော​ငှာ အုတ်​မြစ်​ချ​၍​တည်​တော်​မူ​ပါ​ပြီ။

6. ထို​နောက်​ကမ္ဘာ​မြေ​ကြီး​ကို​သ​မုဒ္ဒ​ရာ​ဖြင့် ဝတ်​လုံ​သ​ဖွယ်​ဖုံး​လွှမ်း​တော်​မူ​ပါ​၏။ရေ​သည်​လည်း​တောင်​များ​ကို​လွှမ်း​မိုး​ပါ​၏။

7. ကိုယ်​တော်​ရှင်​ဆုံး​မ​တော်​မူ​လိုက်​သော​အ​ခါ ရေ​တို့​သည်​ပြေး​သွား​ကြ​ပါ​၏။ရေ​တို့​သည်​ကိုယ်​တော်​ရှင်​၏​မိုး​ချုန်း​သံ​ကို ကြား​သော​အ​ခါ​လျင်​မြန်​စွာ​စီး​ဆင်း​သွား ကြ​ပါ​၏။

8. ရေ​တို့​သည်​တောင်​များ​ပေါ်​မှ ချိုင့်​ဝှမ်း​များ​သို့​လည်း​ကောင်း၊ကိုယ်​တော်​ရှင်​သူ​တို့​အ​တွက်​ပြင်​ဆင်​သတ်​မှတ် ထား​သည့်​အ​ရပ်​သို့​လည်း​ကောင်း​စီး​သွား ကြ​ပါ​၏။

ဆာ​လံ 104