3. မိုးမျက်နှာကျက်ရှိရေပြင်အထက်တွင်အိမ်တော်ကို တည်တော်မူပါ၏။ကိုယ်တော်ရှင်သည်မိုးတိမ်တို့ကိုရထားသဖွယ်၊ လေကိုအတောင်များသဖွယ်စီးတော်မူ၏။
4. ကိုယ်တော်ရှင်သည်လေတို့ကိုစေတမန်များ အဖြစ်ဖြင့်လည်းကောင်း၊လျှပ်စစ်လျှပ်နွယ်တို့ကိုအစေခံများ အဖြစ်ဖြင့်လည်းကောင်းအသုံးပြုတော် မူပါ၏။
5. ကိုယ်တော်ရှင်သည်ကမ္ဘာမြေကြီးကိုအဘယ်အခါ၌မျှမလှုပ်ရှားနိုင်စိမ့် သောငှာ အုတ်မြစ်ချ၍တည်တော်မူပါပြီ။
6. ထိုနောက်ကမ္ဘာမြေကြီးကိုသမုဒ္ဒရာဖြင့် ဝတ်လုံသဖွယ်ဖုံးလွှမ်းတော်မူပါ၏။ရေသည်လည်းတောင်များကိုလွှမ်းမိုးပါ၏။