ဆာ​လံ 104:20-31 Common Language Bible (BCL)

20. ကိုယ်​တော်​ရှင်​သည်​ညဥ့်​ကို​ဖန်​ဆင်း​တော်​မူ​သ​ဖြင့်မှောက်​မိုက်​ချိန်​တွင်​တော​တိ​ရစ္ဆာန်​အ​ပေါင်း​တို့ ထွက်​လာ​ကြ​ပါ​၏။

21. ခြင်္သေ့​ပျို​တို့​သည်​အ​စာ​ရှာ​နေ​စဉ်​ဟောက်​ကြ​ပါ​၏။သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ချ​ပေး​တော်​မူ​သော အ​စာ​ကို​ရှာ​ကြ​၍

22. နေ​ထွက်​လာ​သော​အ​ခါ​မိ​မိ​တို့​၏ သား​ရဲ​တွင်း​များ​သို့​ပြန်​၍​ခို​အောင်း​ကြ​ပါ​၏။

23. ထို​အ​ခါ​လူ​တို့​သည်​မိ​မိ​တို့​အ​လုပ်​များ​ကိုလုပ်​ကိုင်​ရန်​ထွက်​လာ​ကာ​ည​နေ​ချမ်း​တိုင်​အောင် အ​လုပ်​လုပ်​ကြ​ပါ​၏။

24. အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​ဖန်​ဆင်း​တော်​မူ​သော​အ​ရာ​တို့​သည် များ​လှ​ပါ​၏။ဉာဏ်​ပ​ညာ​တော်​ဖြင့်​ထို​အ​ရာ​အ​ပေါင်း​တို့​ကို ဖန်​ဆင်း​တော်​မူ​ပါ​၏။ကမ္ဘာ​မြေ​ကြီး​သည်​ကိုယ်​တော်​ရှင်ဖန်​ဆင်း​တော်​မူ​သော​သတ္တ​ဝါ​များ​နှင့် ပြည့်​လျက်​ရှိ​ပါ​၏။

25. မ​ရေ​မ​တွက်​နိုင်​သော​သတ္တ​ဝါ​ကြီး​ငယ်​တို့ နေ​ထိုင်​ရာ အ​ပြော​ကျယ်​သည့်​သ​မုဒ္ဒ​ရာ​ကြီး​ရှိ​ပါ​၏။

26. သ​မုဒ္ဒ​ရာ​ထဲ​တွင်​သင်္ဘော​များ​ရွက်​လွှင့်​ကြ​ပါ​၏။ကိုယ်​တော်​ရှင်​ဖန်​ဆင်း​တော်​မူ​သည့်​ရေသတ္တ​ဝါ ကြီး လ​ဝိ​သန်​သည်​လည်း​ခုန်​ပေါက်​မြူး​တူး ပါ​၏။

27. ထို​တိ​ရစ္ဆာန်​များ​အား​လုံး​တို့​သည်​အ​ချိန်​တန်​လျှင် အ​စာ​ရ​ရှိ​ရန်​ကိုယ်​တော်​ရှင်​ကို​အား​ကိုး​ကြ​ပါ​၏။

28. ကိုယ်​တော်​ရှင်​သည်​သူ​တို့​အား​ကျွေး​မွေး​တော် မူ​သ​ဖြင့် သူ​တို့​သည်​စား​ရ​ကြ​ပါ​၏။ကိုယ်​တော်​ရှင်​သည်​အ​စာ​ကို​ချ​ပေး​တော်​မူ​သ​ဖြင့် သူ​တို့​သည်​ကျေ​နပ်​ရောင့်​ရဲ​ရ​ကြ​ပါ​၏။

29. ကိုယ်​တော်​ရှင်​သည်​သူ​တို့​ထံ​မှမျက်​နှာ​တော်​ကို​လွှဲ​တော်​မူ​သော​အ​ခါ သူ​တို့​သည်​ကြောက်​လန့်​ကြ​ပါ​၏။ကိုယ်​တော်​သည်​သူ​တို့​၏​အ​သက်​ကို ရုပ်​သိမ်း​တော်​မူ​သော​အ​ခါသူ​တို့​သည်​သေ​၍​မြေ​မှုန့်​အ​ဖြစ်​သို့​ပြန်​လည် ရောက်​ရှိ​သွား​ရ​ကြ​ပါ​၏။

30. သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည်​သူ​တို့​အ​ထဲ​သို့ ထွက်​သက်​ဝင်​သက်​ကို​သွင်း​တော်​မူ​သော​အ​ခါသူ​တို့​သည်​ဖန်​ဆင်း​ခြင်း​ခံ​ရ​ကြ​ပါ​၏။ကိုယ်​တော်​သည်​ကမ္ဘာ​လော​က​ကြီး​ကို အ​သစ်​တစ်​ဖန်​ရှင်​သန်​စေ​ပါ​၏။

31. ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​သည်ထာ​ဝ​စဉ်​ထွန်း​တောက်​တော်​မူ​ပါ​စေ​သော။ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​ဖန်​ဆင်း​တော်​မူ​သော အ​ရာ​များ​အ​တွက်ဝမ်း​မြောက်​တော်​မူ​ပါ​စေ​သော။

ဆာ​လံ 104