ဧ​ဖက်​ဩ​ဝါ​ဒ​စာ 6:19-22 Myanmar Standard Bible (MSB)

2-3. သင်​၏​မိ​ခင်​နှင့်​ဖ​ခင်​တို့​ကို ရို​သေ​လော့။ ဤ​သည်​ကား “ထို​သို့​ပြု​လျှင် သင်​သည် ကမ္ဘာ​မြေ​ပေါ်​၌ ကောင်း​စား​လျက် အ​သက်​ရှည်​ရ​လိမ့်​မည်”​ဟူ​သော​က​တိ​တော်​ပါ​သည့် ပ​ထ​မ​ပ​ညတ်​ချက်​ဖြစ်​၏။

19. ငါ​သည် နှုတ်​ကို​ဖွင့်​သော​အ​ခါ ပြော​ရ​မည့်​စ​ကား​ကို ငါ့​အား​ပေး​တော်​မူ​၍ ကောင်း​မြတ်​သော​သ​တင်း​နှင့်​ဆိုင်​သည့် လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​ကို ရဲ​ရင့်​စွာ​ပြော​ပြ​နိုင်​ရန် ငါ့​အ​တွက်​လည်း ဆု​တောင်း​ပေး​ကြ​လော့။

20. ငါ​သည် ဤ​ကောင်း​မြတ်​သော​သ​တင်း​အ​တွက် သံ​ကြိုး​ဖြင့်​ချည်​နှောင်​ထား​ခြင်း​ခံ​ရ​သော သံ​တ​မန်​ဖြစ်​၏။ ဤ​သို့​ချည်​နှောင်​ထား​ခြင်း​ခံ​ရ​သော်​လည်း ငါ​သည် ဟော​ပြော​သင့်​သည့်​အ​တိုင်း ရဲ​ရင့်​စွာ​ဟော​ပြော​နိုင်​ရန် ဆု​တောင်း​ပေး​ကြ​လော့။

21. ငါ​၌​ဖြစ်​နေ​သော​အ​ရာ​များ​နှင့် ငါ​ပြု​နေ​သည့်​အ​မှု​ကို သင်​တို့​လည်း​သိ​ရှိ​နိုင်​ရန် သ​ခင်​ဘု​ရား​၌​သစ္စာ​ရှိ​သော​အ​မှု​တော်​ဆောင်​ဖြစ်​သည့် ချစ်​ရ​သော​ညီ တု​ခိတ်​သည် အ​လုံး​စုံ​တို့​ကို သင်​တို့​အား ပြော​ပြ​လိမ့်​မည်။

22. သူ့​ကို သင်​တို့​ထံ​သို့ ငါ​စေ​လွှတ်​ခြင်း​မှာ ငါ​တို့​နှင့်​ပတ်​သက်​သော​အ​ရာ​များ​ကို သင်​တို့​သိ​ရှိ​နိုင်​ရန်​နှင့် သူ​သည် သင်​တို့​၏​စိတ်​နှ​လုံး​ကို အား​ပေး​နိုင်​ရန်​ဖြစ်​၏။

ဧ​ဖက်​ဩ​ဝါ​ဒ​စာ 6