ဧ​ဖက်​ဩ​ဝါ​ဒ​စာ 5:8-11 Myanmar Standard Bible (MSB)

8. အ​ဘယ်​ကြောင့်​ဆို​သော် တစ်​ချိန်​က သင်​တို့​သည် အ​မှောင်​ဖြစ်​ခဲ့​သော်​လည်း ယ​ခု​အ​ခါ သ​ခင်​ဘု​ရား​၌ အ​လင်း​ဖြစ်​ကြ​၏။ အ​လင်း​၏​သား​သ​မီး​များ​ကဲ့​သို့ အ​သက်​ရှင်​လျှောက်​လှမ်း​ကြ​လော့။

9. အ​ကြောင်း​မူ​ကား အ​လင်း​၏​အ​သီး​အ​ပွင့်​သည် အ​လုံး​စုံ​သော​ကောင်း​မြတ်​ခြင်း၊ ဖြောင့်​မတ်​ခြင်း​နှင့် မှန်​ကန်​ခြင်း​တို့​ဖြစ်​ကြ​၏။

10. သ​ခင်​ဘု​ရား​နှစ်​သက်​တော်​မူ​သော​အ​ရာ​သည် မည်​သည့်​အ​ရာ​ဖြစ်​သည်​ကို ပိုင်း​ခြား​သိ​ရှိ​ကြ​လော့။

11. အ​ကျိုး​မဲ့​သော​မှောင်​မိုက်​ခြင်း​၏​အ​မှု​တို့​၌ မ​ပါ​ဝင်​ကြ​သည်​သာ​မ​က ထို​အ​မှု​တို့​၏​အ​ပြစ်​ကို ဖော်​ပြ​ကြ​လော့။

ဧ​ဖက်​ဩ​ဝါ​ဒ​စာ 5