ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 9:17-24 Myanmar Standard Bible (MSB)

17. အ​ကြောင်း​မူ​ကား သေ​တမ်း​စာ​သည် ၎င်း​ကို​ရေး​ထား​သူ​အ​သက်​ရှင်​နေ​စဉ် အ​ကျုံး​မ​ဝင်၊ ထို​သူ​သေ​ဆုံး​မှ​သာ အ​တည်​ဖြစ်​၏။

18. ထို့​ကြောင့် ပ​ထ​မ​ပ​ဋိ​ညာဉ်​ကို​လည်း သွေး​မ​ပါ​ဘဲ​ဖွဲ့​ခဲ့​သည်​မ​ဟုတ်။

19. အ​ကြောင်း​မူ​ကား မော​ရှေ​သည် ပ​ညတ်​တ​ရား​ကျမ်း​၌​ပါ​သ​မျှ​သော​ပ​ညတ်​ချက်​တို့​ကို လူ​အ​ပေါင်း​တို့​အား​ကြေ​ညာ​ပြီး​လျှင် ရေ​နှင့်​ရော​နှော​သော နွား​သ​ငယ်​နှင့်​ဆိတ်​တို့​၏​သွေး​ကို​ယူ​၍ ထို​ကျမ်း​မှ​စ​၍​လူ​အ​ပေါင်း​တို့​ကို နီ​မြန်း​သော​သိုး​မွေး​နှင့်​ဟုဿုပ်​ညွန့်​ဖြင့် ပက်​ဖျန်း​လျက်

20. “ဤ​သည်​ကား သင်​တို့​အား ဘု​ရား​သ​ခင်​ပ​ညတ်​တော်​မူ​သည့် ပ​ဋိ​ညာဉ်​နှင့်​ဆိုင်​သော​သွေး​ဖြစ်​၏”​ဟု ဆို​လေ​၏။

21. ထို့​နောက် တဲ​တော်​နှင့်​တ​ကွ ဝတ်​ပြု​ရာ​တွင်​အ​သုံး​ပြု​သော​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို​လည်း ထို​နည်း​တူ​သွေး​နှင့် ပက်​ဖျန်း​လေ​၏။

22. ပ​ညတ်​တ​ရား​အ​ရ အ​ရာ​အား​လုံး​နီး​ပါး​သည် သွေး​အား​ဖြင့်​စင်​ကြယ်​စေ​ရ​၏။ သွေး​သွန်း​လောင်း​ခြင်း​မ​ရှိ​လျှင် အ​ပြစ်​ခွင့်​လွှတ်​ခြင်း​ကျေး​ဇူး​ဟူ​၍​မ​ရှိ။

23. ထို့​ကြောင့် ကောင်း​ကင်​ဘုံ​၌​ရှိ​သော​အ​ရာ​တို့​၏​န​မူ​နာ​များ​ကို အ​ဆို​ပါ​အ​ရာ​များ​အား​ဖြင့် စင်​ကြယ်​စေ​ရန်​လို​အပ်​၏။ သို့​သော် အ​ထက်​ကောင်း​ကင်​အ​ရပ်​၌​ရှိ​သော​အ​ရာ​အ​စစ်​တို့​ကို​မူ​ကား ထို​အ​ရာ​များ​ထက် သာ​၍​မြတ်​သော​ယဇ်​အား​ဖြင့် စင်​ကြယ်​စေ​ရန်​လို​အပ်​၏။

24. အ​ကြောင်း​မူ​ကား ခ​ရစ်​တော်​သည် စစ်​မှန်​သော​အ​ရာ​၏​ပုံ​တူ​မျှ​သာ​ဖြစ်​သည့် လူ့​လက်​ဖြင့်​တည်​ဆောက်​သော​သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့​မ​ဝင်​ဘဲ ငါ​တို့​ကိုယ်​စား ယ​ခု ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌​ထင်​ရှား​တော်​မူ​ရန် ကောင်း​ကင်​ထဲ​သို့​ဝင်​တော်​မူ​၏။

ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 9