ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 9:16-21 Myanmar Standard Bible (MSB)

16. သေ​တမ်း​စာ​ကို​တင်​ပြ​ရာ​တွင် ထို​သေ​တမ်း​စာ​ကို​ရေး​ထား​သူ သေ​ဆုံး​ပြီ​ဖြစ်​ကြောင်း အ​ထောက်​အ​ထား​ပြ​ရန်​လို​အပ်​၏။

17. အ​ကြောင်း​မူ​ကား သေ​တမ်း​စာ​သည် ၎င်း​ကို​ရေး​ထား​သူ​အ​သက်​ရှင်​နေ​စဉ် အ​ကျုံး​မ​ဝင်၊ ထို​သူ​သေ​ဆုံး​မှ​သာ အ​တည်​ဖြစ်​၏။

18. ထို့​ကြောင့် ပ​ထ​မ​ပ​ဋိ​ညာဉ်​ကို​လည်း သွေး​မ​ပါ​ဘဲ​ဖွဲ့​ခဲ့​သည်​မ​ဟုတ်။

19. အ​ကြောင်း​မူ​ကား မော​ရှေ​သည် ပ​ညတ်​တ​ရား​ကျမ်း​၌​ပါ​သ​မျှ​သော​ပ​ညတ်​ချက်​တို့​ကို လူ​အ​ပေါင်း​တို့​အား​ကြေ​ညာ​ပြီး​လျှင် ရေ​နှင့်​ရော​နှော​သော နွား​သ​ငယ်​နှင့်​ဆိတ်​တို့​၏​သွေး​ကို​ယူ​၍ ထို​ကျမ်း​မှ​စ​၍​လူ​အ​ပေါင်း​တို့​ကို နီ​မြန်း​သော​သိုး​မွေး​နှင့်​ဟုဿုပ်​ညွန့်​ဖြင့် ပက်​ဖျန်း​လျက်

20. “ဤ​သည်​ကား သင်​တို့​အား ဘု​ရား​သ​ခင်​ပ​ညတ်​တော်​မူ​သည့် ပ​ဋိ​ညာဉ်​နှင့်​ဆိုင်​သော​သွေး​ဖြစ်​၏”​ဟု ဆို​လေ​၏။

21. ထို့​နောက် တဲ​တော်​နှင့်​တ​ကွ ဝတ်​ပြု​ရာ​တွင်​အ​သုံး​ပြု​သော​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို​လည်း ထို​နည်း​တူ​သွေး​နှင့် ပက်​ဖျန်း​လေ​၏။

ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 9