14. ထာဝရဝိညာဉ်တော်အားဖြင့် အပြစ်အနာအဆာကင်းသော မိမိကိုယ်ကို ဘုရားသခင်ထံပူဇော်ခဲ့သည့် ခရစ်တော်၏သွေးတော်သည် အသက်ရှင်သောဘုရားသခင်ကို ငါတို့ဝတ်ပြုမည့်အကြောင်း သေခြင်းနှင့်ဆိုင်သောအကျင့်များမှ ငါတို့၏အသိစိတ်ကို မည်မျှပို၍စင်ကြယ်စေလိမ့်မည်နည်း။
15. ထို့ကြောင့် ခရစ်တော်သည် ပဋိညာဉ်သစ်၏ကြားဝင်စေ့စပ်သူဖြစ်တော်မူ၏။ ဤသည်ကား ပထမပဋိညာဉ်လက်အောက်၌ ဖောက်ဖျက်ကျူးလွန်သောအပြစ်များမှ လူတို့ကိုရွေးနုတ်ရန် ကိုယ်တော်သည် အသေခံတော်မူခြင်းအားဖြင့် ခေါ်ယူတော်မူသောသူတို့သည် ထာဝရအမွေနှင့်ဆိုင်သောကတိတော်ကို ရရှိမည့်အကြောင်းတည်း။
16. သေတမ်းစာကိုတင်ပြရာတွင် ထိုသေတမ်းစာကိုရေးထားသူ သေဆုံးပြီဖြစ်ကြောင်း အထောက်အထားပြရန်လိုအပ်၏။
17. အကြောင်းမူကား သေတမ်းစာသည် ၎င်းကိုရေးထားသူအသက်ရှင်နေစဉ် အကျုံးမဝင်၊ ထိုသူသေဆုံးမှသာ အတည်ဖြစ်၏။
18. ထို့ကြောင့် ပထမပဋိညာဉ်ကိုလည်း သွေးမပါဘဲဖွဲ့ခဲ့သည်မဟုတ်။