ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 7:26-28 Myanmar Standard Bible (MSB)

26. ထို​သို့​သန့်​ရှင်း​၍ အ​ပြစ်​နှင့်​ညစ်​ညူး​ခြင်း​တို့​ကင်း​စင်​လျက် အ​ပြစ်​သား​တို့​နှင့်​ခွဲ​ခြား​ထား​ခြင်း​ခံ​ရ​ကာ ကောင်း​ကင်​တို့​ထက် မြင့်​မား​စွာ​ချီး​မြှောက်​ခြင်း​ခံ​ရ​သော ယဇ်​ပု​ရော​ဟိတ်​မင်း​သည် ငါ​တို့​အ​တွက်​သင့်​လျော်​ပေ​၏။

27. အ​ခြား​သော​ယဇ်​ပု​ရော​ဟိတ်​မင်း​တို့​သည် ဦး​စွာ မိ​မိ​တို့​အ​ပြစ်​များ​အ​တွက်၊ ထို့​နောက် လူ​တို့​၏​အ​ပြစ်​များ​အ​တွက် နေ့​စဉ်​နေ့​တိုင်း​ယဇ်​ပူ​ဇော်​သ​ကဲ့​သို့ ကိုယ်​တော်​သည် ယဇ်​ပူ​ဇော်​ရန်​မ​လို​အပ်​ပေ။ အ​ကြောင်း​မူ​ကား ကိုယ်​တော်​သည် မိ​မိ​ကိုယ်​ကို​တစ်​ကြိမ်​တည်း​နှင့်​အ​ပြီး​ပူ​ဇော်​ခြင်း​ဖြင့် ဤ​အ​မှု​ကို​ပြု​တော်​မူ​၏။

28. ပ​ညတ်​တ​ရား​သည် အား​နည်း​သော​လူ​သား​တို့​ကို ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ရာ​၌​ခန့်​ထား​၏။ သို့​သော် ပ​ညတ်​တ​ရား​နောက်​၌​လာ​သော က​တိ​သစ္စာ​စ​ကား​သည် ကာ​လ​အ​စဉ်​အ​ဆက်​ပြည့်​စုံ​တော်​မူ​သော​သား​တော်​ကို ခန့်​ထား​၏။

ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 7