ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 11:18-22 Myanmar Standard Bible (MSB)

18. ထို​သား​နှင့်​ပတ်​သက်​၍ “ဣ​ဇက်​မှ​ဆင်း​သက်​သော​သူ​သည် သင်​၏​အ​မျိုး​အ​နွယ်​ဟူ​၍ ခေါ်​ဝေါ်​ခြင်း​ခံ​ရ​လိမ့်​မည်”​ဟု မြွက်​ဆို​ထား​၏။

19. ဘု​ရား​သ​ခင်​သည် သေ​လွန်​သော​သူ​တို့​ကို​ပင် ထ​မြောက်​စေ​နိုင်​သည်​ဟု သူ​သည်​မှတ်​ယူ​လျက် ထို​သို့​ပူ​ဇော်​၏။ ပုံ​ဥ​ပ​မာ​အ​ဖြစ်​ဆို​ရ​လျှင် သူ​သည် ထို​သား​ကို သေ​သော​သူ​တို့​ထဲ​မှ ပြန်​ရ​ခဲ့​၏။

20. ယုံ​ကြည်​ခြင်း​အား​ဖြင့် ဣ​ဇက်​သည် နောင်​ဖြစ်​မည့်​အ​ရာ​များ​နှင့်​ပတ်​သက်​၍ ယာ​ကုပ်​နှင့်​ဧ​သော​တို့​ကို ကောင်း​ချီး​ပေး​၏။

21. ယာ​ကုပ်​သည် သေ​ချိန်​နီး​စဉ်​တွင် ယုံ​ကြည်​ခြင်း​အား​ဖြင့် ယော​သပ်​၏​သား​တစ်​ဦး​စီ​ကို ကောင်း​ချီး​ပေး​၍ မိ​မိ​တောင်​ဝှေး​ထိပ်​ကို​မှီ​လျက်​ရှိ​ခိုး​လေ​၏။

22. ယော​သပ်​သည် သေ​ချိန်​နီး​စဉ်​တွင် ယုံ​ကြည်​ခြင်း​အား​ဖြင့် အစ္စ​ရေး​အ​မျိုး​သား​တို့​၏​ထွက်​မြောက်​ခြင်း​အ​ကြောင်း​ကို ပြော​ပြ​လျက် မိ​မိ​၏​အ​ရိုး​များ​နှင့်​ပတ်​သက်​၍ မှာ​ကြား​ခဲ့​၏။

ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 11