သက်​သာ​လော​နိတ်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 5:5-8 Myanmar Standard Bible (MSB)

5. အ​ကြောင်း​မူ​ကား သင်​တို့​အား​လုံး​သည် အ​လင်း​၏​သား​သ​မီး​များ၊ နေ့​၏​သား​သ​မီး​များ​ဖြစ်​ကြ​၏။ ငါ​တို့​သည် ည​နှင့်​ဖြစ်​စေ၊ အ​မှောင်​နှင့်​ဖြစ်​စေ စပ်​ဆိုင်​ကြ​သည်​မ​ဟုတ်။

6. သို့​ဖြစ်​၍ အ​ခြား​သော​သူ​များ​ကဲ့​သို့ အိပ်​ပျော်​ခြင်း​မ​ရှိ​ဘဲ သမ္မာ​သ​တိ​ရှိ​လျက် နိုး​ကြား​စွာ​စောင့်​နေ​ကြ​ကုန်​စို့။

7. အ​ကြောင်း​မူ​ကား အိပ်​ပျော်​သော​သူ​တို့​သည် ည​အ​ခါ​၌ အိပ်​ပျော်​တတ်​ကြ​၏။ ယစ်​မူး​သော​သူ​တို့​သည်​လည်း ည​အ​ခါ​၌ ယစ်​မူး​တတ်​ကြ​၏။

8. ငါ​တို့​မူ​ကား နေ့​နှင့်​စပ်​ဆိုင်​ကြ​သည်​ဖြစ်​၍ ယုံ​ကြည်​ခြင်း​နှင့်​ချစ်​ခြင်း​မေတ္တာ​တို့​ကို ရင်​အုပ်​တန်​ဆာ​အ​ဖြစ်​ဝတ်​ဆင်​လျက် ကယ်​တင်​ခြင်း​၌​မျှော်​လင့်​ခြင်း​ကို သံ​ခ​မောက်​အ​ဖြစ်​ဆောင်း​ကာ သမ္မာ​သ​တိ​ရှိ​ကြ​ကုန်​စို့။

သက်​သာ​လော​နိတ်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 5