သက်​သာ​လော​နိတ်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 5:1-13 Myanmar Standard Bible (MSB)

1. သို့​ရာ​တွင် ညီ​အစ်​ကို​တို့၊ ထို​အ​ချိန်​အ​ခါ​နှင့်​ကာ​လ​များ​အ​ကြောင်း​ကို သင်​တို့​ထံ​ရေး​သား​ရန် မ​လို​အပ်​ပေ။

2. အ​ကြောင်း​မူ​ကား သူ​ခိုး​သည် ည​အ​ချိန်​၌​လာ​သ​ကဲ့​သို့ သ​ခင်​ဘု​ရား​၏​နေ့​ရက်​သည် ရောက်​လာ​မည်​ဖြစ်​ကြောင်း သင်​တို့​ကိုယ်​တိုင် သေ​ချာ​စွာ​သိ​ကြ​၏။

3. “ငြိမ်း​ချမ်း​မှု​နှင့်​လုံ​ခြုံ​မှု​ရှိ​သည်”​ဟု လူ​တို့​ပြော​ဆို​နေ​ကြ​သည့်​အ​ချိန်​၌​ပင် ကိုယ်​ဝန်​ဆောင်​အ​မျိုး​သ​မီး​၌ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ရောက်​လာ​သ​ကဲ့​သို့ ပျက်​စီး​ခြင်း​သည် သူ​တို့​အ​ပေါ် ရုတ်​တ​ရက်​ရောက်​လာ​၍ သူ​တို့​သည် လုံး​ဝ​လွတ်​မြောက်​နိုင်​မည်​မ​ဟုတ်။

4. သို့​သော် ညီ​အစ်​ကို​တို့၊ သင်​တို့​သည် အ​မှောင်​ထဲ​၌​မ​ရှိ​သော​ကြောင့် ထို​နေ့​ရက်​သည် သူ​ခိုး​ကဲ့​သို့ သင်​တို့​ကို အ​ငိုက်​ဖမ်း​လိမ့်​မည်​မ​ဟုတ်။

5. အ​ကြောင်း​မူ​ကား သင်​တို့​အား​လုံး​သည် အ​လင်း​၏​သား​သ​မီး​များ၊ နေ့​၏​သား​သ​မီး​များ​ဖြစ်​ကြ​၏။ ငါ​တို့​သည် ည​နှင့်​ဖြစ်​စေ၊ အ​မှောင်​နှင့်​ဖြစ်​စေ စပ်​ဆိုင်​ကြ​သည်​မ​ဟုတ်။

6. သို့​ဖြစ်​၍ အ​ခြား​သော​သူ​များ​ကဲ့​သို့ အိပ်​ပျော်​ခြင်း​မ​ရှိ​ဘဲ သမ္မာ​သ​တိ​ရှိ​လျက် နိုး​ကြား​စွာ​စောင့်​နေ​ကြ​ကုန်​စို့။

7. အ​ကြောင်း​မူ​ကား အိပ်​ပျော်​သော​သူ​တို့​သည် ည​အ​ခါ​၌ အိပ်​ပျော်​တတ်​ကြ​၏။ ယစ်​မူး​သော​သူ​တို့​သည်​လည်း ည​အ​ခါ​၌ ယစ်​မူး​တတ်​ကြ​၏။

8. ငါ​တို့​မူ​ကား နေ့​နှင့်​စပ်​ဆိုင်​ကြ​သည်​ဖြစ်​၍ ယုံ​ကြည်​ခြင်း​နှင့်​ချစ်​ခြင်း​မေတ္တာ​တို့​ကို ရင်​အုပ်​တန်​ဆာ​အ​ဖြစ်​ဝတ်​ဆင်​လျက် ကယ်​တင်​ခြင်း​၌​မျှော်​လင့်​ခြင်း​ကို သံ​ခ​မောက်​အ​ဖြစ်​ဆောင်း​ကာ သမ္မာ​သ​တိ​ရှိ​ကြ​ကုန်​စို့။

9. အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို အ​မျက်​တော်​သက်​ရောက်​စေ​ရန် သတ်​မှတ်​ထား​တော်​မူ​သည်​မ​ဟုတ်​ဘဲ ငါ​တို့​၏​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​အား​ဖြင့် ကယ်​တင်​ခြင်း​ကို​ရ​ရှိ​စေ​ရန် သတ်​မှတ်​ထား​တော်​မူ​၏။

10. ငါ​တို့​သည် နိုး​နေ​သည်​ဖြစ်​စေ၊ အိပ်​ပျော်​နေ​သည်​ဖြစ်​စေ၊ ကိုယ်​တော်​နှင့်​အ​တူ အ​သက်​ရှင်​မည့်​အ​ကြောင်း ကိုယ်​တော်​သည် ငါ​တို့​အ​တွက် အ​သေ​ခံ​တော်​မူ​၏။

11. ထို့​ကြောင့် ယ​ခု​သင်​တို့​ပြု​နေ​သည့်​အ​တိုင်း အ​ချင်း​ချင်း​တိုက်​တွန်း​နှိုး​ဆော်​၍ တစ်​ဦး​ကို​တစ်​ဦး တည်​ဆောက်​မြှင့်​တင်​ပေး​ကြ​လော့။

12. ညီ​အစ်​ကို​တို့၊ သင်​တို့​ထဲ​တွင် ကြိုး​စား​အား​ထုတ်​၍ သ​ခင်​ဘု​ရား​၌ သင်​တို့​ကို စီ​မံ​အုပ်​ချုပ်​လျက် သ​တိ​ပေး​ဆုံး​မ​နေ​ကြ​သော​သူ​များ​ကို ကြည်​ညို​လေး​စား​ကြ​ရန်​လည်း​ကောင်း၊

13. သူ​တို့​လုပ်​ဆောင်​သော​အ​မှု​အ​တွက် မေတ္တာ​စိတ်​နှင့် သူ​တို့​ကို​အ​ထူး​တန်​ဖိုး​ထား​ကြ​ရန်​လည်း​ကောင်း သင်​တို့​အား ငါ​တို့​တောင်း​ပန်​ကြ​၏။ သင်​တို့​အ​ချင်း​ချင်း​သင့်​မြတ်​စွာ​နေ​ကြ​လော့။

သက်​သာ​လော​နိတ်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 5