14. အကြောင်းမူကား ယေရှုသည် အသေခံပြီးနောက် ထမြောက်တော်မူသည်ဟု ငါတို့ယုံကြည်ကြလျှင် ဘုရားသခင်သည် ယေရှု၌ အိပ်ပျော်သောသူတို့ကိုလည်း ထိုကဲ့သို့ပင် ထိုသခင်နှင့်အတူခေါ်ထုတ်တော်မူလိမ့်မည်။
15. သခင်ဘုရား၏စကားတော်အားဖြင့် သင်တို့အား ငါတို့ဆိုသည်မှာ သခင်ဘုရားကြွလာတော်မူသည့်တိုင်အောင် အသက်ရှင်လျက်ကျန်ရစ်သောငါတို့သည် အိပ်ပျော်သောသူတို့ထက် လုံးဝရှေ့ကျလိမ့်မည်မဟုတ်။
16. အကြောင်းမူကား ကြွေးကြော်ခြင်းနှင့်တကွ ကောင်းကင်တမန်မင်း၏အသံနှင့် ဘုရားသခင်၏တံပိုးမှုတ်သံတို့ဖြင့် သခင်ဘုရားကိုယ်တော်တိုင် ကောင်းကင်မှဆင်းသက်တော်မူသောအခါ ခရစ်တော်၌သေလွန်သောသူတို့သည် ဦးစွာထမြောက်ကြလိမ့်မည်။
17. ထို့နောက် အသက်ရှင်လျက်ကျန်ရစ်သောငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားနှင့်တွေ့ဆုံရန် ထိုသူတို့နှင့်အတူ မိုးတိမ်အားဖြင့် ချီဆောင်ခြင်းခံရကြလိမ့်မည်။ ဤသို့ဖြင့် ငါတို့သည် သခင်ဘုရားနှင့်အတူ အစဉ်အမြဲနေကြရလိမ့်မည်။
18. သို့ဖြစ်၍ ဤစကားများဖြင့် အချင်းချင်းတိုက်တွန်းနှိုးဆော်ကြလော့။