5. ထို့ကြောင့် ဖြားယောင်းသွေးဆောင်သောသူသည် တစ်နည်းနည်းဖြင့် သင်တို့ကိုဖြားယောင်းသွေးဆောင်ပြီး ငါတို့၏ကြိုးပမ်းအားထုတ်မှုသည် အချည်းနှီးဖြစ်မည်ကိုစိုးရိမ်၍ ငါသည် နောက်ထပ် အောင့်ခံ၍မရနိုင်တော့သဖြင့် သင်တို့၏ယုံကြည်ခြင်းကိုသိရှိနိုင်ရန်အတွက် သူ့ကိုစေလွှတ်ခဲ့၏။
6. သို့သော် ယခု တိမောသေသည် သင်တို့ထံမှပြန်လာ၍ သင်တို့၏ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာတို့နှင့်ပတ်သက်သည့် ဝမ်းမြောက်ဖွယ်သတင်းကို ငါတို့အားပြောပြ၏။ ထို့ပြင် သင်တို့သည် ငါတို့ကို အစဉ်အမြဲကောင်းမွန်စွာသတိရလျက် ငါတို့သည် သင်တို့ကို အလွန်တွေ့မြင်လိုသကဲ့သို့ သင်တို့သည်လည်း ငါတို့ကို အလွန်တွေ့မြင်လိုကြောင်း ပြောပြ၏။
7. သို့ဖြစ်၍ ညီအစ်ကိုတို့၊ ငါတို့သည် ခက်ခဲကျပ်တည်းခြင်းနှင့်ဆင်းရဲဒုက္ခအမျိုးမျိုးကိုခံရစဉ်တွင် သင်တို့၏ယုံကြည်ခြင်းကြောင့် သင်တို့နှင့်ပတ်သက်၍ နှစ်သိမ့်မှုကိုခံစားရကြ၏။
8. သင်တို့သည် သခင်ဘုရား၌ခိုင်မြဲစွာရပ်တည်လျှင် ယခု ငါတို့အသက်ရှင်နိုင်၏။
9. ငါတို့၏ဘုရားသခင်ရှေ့တော်၌ သင်တို့ကြောင့် ငါတို့ခံစားရသော ဤဝမ်းမြောက်ခြင်းအားလုံးကိုထောက်၍ သင်တို့အတွက် ဘုရားသခင်ကို မည်ကဲ့သို့ကျေးဇူးတုံ့ပြန်နိုင်ပါမည်နည်း။