1. ထို့ကြောင့် ငါတို့သည် နောက်ထပ် အောင့်ခံ၍မရနိုင်တော့သဖြင့် ငါတို့ချည်းသာ အေသင်မြို့၌နေခဲ့ရန် ဆုံးဖြတ်ပြီးလျှင်
2. ခရစ်တော်၏ကောင်းမြတ်သောသတင်း၌ ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်ဖြစ်သော ငါတို့၏ညီ တိမောသေကို စေလွှတ်လိုက်၏။ သူ့ကိုစေလွှတ်ခြင်းမှာ သင်တို့၏ယုံကြည်ခြင်းနှင့်ပတ်သက်၍ သင်တို့ကို တိုက်တွန်းနှိုးဆော်၍ ခိုင်ခံ့မြဲမြံစေရန်နှင့်
3. ဤဆင်းရဲဒုက္ခများကြောင့် မည်သူမျှ ယိမ်းယိုင်ခြင်းမရှိစေရန်ဖြစ်၏။ အကြောင်းမူကား ဤသို့ဆင်းရဲဒုက္ခကိုခံရစေရန် ငါတို့ကိုခန့်ထားတော်မူကြောင်း သင်တို့ကိုယ်တိုင်သိကြ၏။
4. အဘယ်ကြောင့်ဆိုသော် သင်တို့နှင့်အတူ ငါတို့ရှိစဉ်ကပင် ငါတို့သည် ဆင်းရဲဒုက္ခခံရတော့မည်ဟု သင်တို့အား ကြိုတင်ပြောထားခဲ့သည်ဖြစ်၍ ထိုအတိုင်းပင်ဖြစ်လာကြောင်း သင်တို့သိကြ၏။