4. သင်တို့သည် ငါတို့ညွှန်ကြားသည့်အရာများကို ယခုဆောင်ရွက်နေကြ၏။ ဆက်၍လည်း ဆောင်ရွက်ကြလိမ့်မည်ဟု သခင်ဘုရား၌ သင်တို့အပေါ် ငါတို့ယုံကြည်စိတ်ချကြ၏။
5. သခင်ဘုရားသည် သင်တို့၏စိတ်နှလုံးကို ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်နှင့် ခရစ်တော်၏သည်းခံခြင်းထဲသို့ ပို့ဆောင်တော်မူပါစေသော။
6. ညီအစ်ကိုတို့၊ ငါတို့ထံမှခံယူရရှိသည့်ဓလေ့ထုံးတမ်းနှင့်အညီ မလိုက်လျှောက်ဘဲ စည်းမဲ့ကမ်းမဲ့ အသက်ရှင်လျှောက်လှမ်းနေကြသော ညီအစ်ကိုအားလုံးကို ရှောင်ကြဉ်ကြရန် ငါတို့သခင်ယေရှုခရစ်တော်၏နာမတော်အားဖြင့် သင်တို့ကို ငါတို့ညွှန်ကြားကြ၏။
7. အကြောင်းမူကား ငါတို့ကို မည်ကဲ့သို့အတုယူရမည်ကို သင်တို့ကိုယ်တိုင်သိကြ၏။ ငါတို့သည် သင်တို့အလယ်၌ စည်းမဲ့ကမ်းမဲ့နေကြသည်မဟုတ်။
8. မည်သူ၏အစားအစာကိုမျှ အလကားမစားဘဲ သင်တို့ထဲမှ မည်သူ့အပေါ်၌မျှ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် ကြိုးပမ်းအားထုတ်လျက် ပင်ပန်းခက်ခဲစွာဖြင့် နေ့ရောညပါအလုပ်လုပ်ကြ၏။